iMyanmarHouse.com - Best Property Website for Myanmar
×

 
 
အောင်မြင်နေသော အဆိုတော် တစ်ဦး ဖြစ်သည့် အိုင်းရင်းဇင်မာမြင့်က သူမ၏ တတိယ အခွေတွင် Music ပုံစံများ ပြောင်းရန် ရှိပြီး ခပ်ကြမ်းကြမ်း သီချင်းလေးများ ပါဝင်မည် ဖြစ်ကြောင်း ပြောသည်။

အိုင်းရင်းက အိုင်းရင်းသီချင်းနဲ့ ပတ်သက် တာကို တော်ယုံ တန်ယုံနဲ့ ပြောတာတော့ မဟုတ်ပါဘူး။ အခုက အိုင်းရင်းရဲ့ ဒုတိယအခွေ ဖြစ်တဲ့ “ချစ်လို့ ဆိုတဲ့ Audio အခွေလေး ထွက်ပြီးပါပြီ။ အဲဒီအခွေ မှာလည်း နည်းနည်း ကြမ်းထား ပါတယ်။ Free Girl ဆိုတဲ့ သီချင်းပါ။

 တတိယ အခွေထွက် ဖြစ်ရင် ကြမ်းကြမ်းလေးတွေ တော်တော် များများပါ ဖြစ်မှာပါ။ အခု သီချင်းထက် ပိုကြမ်းတာလေး တွေပါ။ အိုင်းရင်းက နောက်ထွက် ဖြစ်မယ့် အခွေတွေ ကလည်း အရင်ထွက်ခဲ့တဲ့ အခွေတွေနဲ့ မတူအောင် ခွဲထွက် ထားတဲ့ ပုံစံလေးတွေပဲ ဖြစ်လာမှာပါ။ အိုင်းရင်း ဒုတိယ အခွေ Audio ကို အားပေးတဲ့ ပရိသတ်တွေက တစ်ပုဒ်ချင်း၊ တစ်ပုဒ်ချင်းစီကို ကြိုက်ကြတယ်လို့ ပြောကြ ပါတယ်။ အဲဒီ အတွက်လည်း ဒုတိယ TV ရိုက်ဖို့ကို အိုင်းရင်း စိုးရိမ်နေ ရပါတယ်။

ပရိသတ် မျှော်မှန်း ထားတာနဲ့ ထပ်တူ မကျမှာ စိုးလို့ပါ။ အဲဒါကြောင့် နောက်လုပ်မယ့် တတိယ အခွေမှာ ရှေ့က ထွက်ထားတဲ့ ပုံစံတွေနဲ့ မတူ အောင်လုပ်ဖို့ စဉ်းစားထားပါတယ် ဟု  အိုင်းရင်းဇင်မာမြင့်က ပြောသည်။ အိုင်းရင်းဇင်မာမြင့်သည် ဒုတိယ အခွေ ဖြစ်သည့် “ချစ်လို့ အခွေ MTVကို ယခု လကုန်တွင် စတင် ရိုက်ကူးမည် ဖြစ်ပြီး ယခုနှစ် ခရစ္စမတ်နေ့တွင် ထွက်ရှိ နိုင်ရန် စီစဉ် ထားကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top