iMyanmarHouse.com - Best Property Website for Myanmar
×









ပတ်ဝန်းကျင်ဆိုတာဟာ လူတစ်ယောက် အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု
ဖြစ်တယ်။ ပတ်ဝန်းကျင်ဆိုဟာ မိမိဘဝ ကိုလည်း ပြောင်းလဲ နိုင်ပါတယ်။ ပတ်ဝန်းကျင်
ကောင်းမှ လူကောင်း ဖြစ်မှာတော့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် မကောင်းဘဲ လူကောင်း
ဖြစ်နေတဲ့ သူတွေ အများကြီးပါ။ မိမိသာ အဓိက ကျပါတယ်။

သို့ပေမယ့် လူတစ်ဦး တစ်ယောက် အောင်မြင်ဖို့ အတွက် ပတ်ဝန်းကျင်ဆိုတာ အရေးကြီး ပါတယ်။ ပတ်ဝန်းကျင်၏ အသိုင်းအဝိုင်းကြောင့်ပဲ မိမိရဲ့ ရည်မှန်းချက်တွေကို
ပြောင်းလဲနိုင်တယ်။ စာပေဝါသနာ ပါတဲ့ အသိုင်းအဝိုင်းမှာ နေမယ်ဆိုရင် မိမိလည်း
စာပေသမား တစ်ယောက် ဖြစ်သွားမှာ ဖြစ်ပြီး၊ ရုပ်ရှင် ဂီတနဲ့ သက်ဆိုင်တဲ့ အသိုင်း
အဝိုင်းမှာ နေရင်လည်း မိမိဝါ ရုပ်ရှင် ဂီတကို နှစ်သက်ဝါသနာ ပါသူ ဖြစ်နိုင်ပါတယ်။

သို့သော် လူတိုင်း အဲလို ဖြစ်တာ မဟုတ်ပါဘူး။ တစ်ချို့ကြတော့ ဘယ်အသိုင်း
အဝိုင်းမှာ နေနေ ဘာမှ မဖြစ်တဲ့ သူတွေ အများကြီးပါ။ တစ်ခုပဲ ပြောချင်တာက
လက်ရှိမိမိနဲ့ ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းဟာ မိမိရည်မှန်းချက်နဲ့ မတိုက်ဆိုင်ဘူး
ဆိုရင် အဲဒီပတ်ဝန်းကျင်ကို စွန့်လွှတ် သင့်ပါတယ်။

Credit : Yo Yar Lay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top