iMyanmarHouse.com - Best Property Website for Myanmar
×









အစ အနောက်သန်ပျော်ပျော် နေတတ်သော မိန်းကလေးများသည်
ထိလွယ်ရှလွယ် ခံစားလွယ်တတ်ပြီးဝမ်းနည်း လွယ်သော မိန်းကလေးများ ဖြစ်ကြသည်။မငိုတတ်ဘူး ထင်သော မိန်းကလေး များသည်ငိုသော်အခါ အငို မတိတ်တတ်အငို ကြာတတ်သည်။

မာနကြီးသည် ထင်သော မိန်းကလေးများသည်တကယ်တမ်းတော့ တကယ် မာနမကြီး
မီး နှင့် ထိသော ဖယောင်းကဲ့သို့သူတို့ချစ်သောသူနှင့်ဆိုအလွယ်တကူ ပျော်ဆင်းလေ့ရှိသည်။အလွန်တရာ နားလည်ပေးသောမိန်းကလေး ရထားသည် ဆိုပါစို့သင် သတိထား သင့်သည်
သူတို့နားမလည်နိုင်တော့သော အချိန်ရောက်လျှင်ရှင်းပြခွင့်တောင် ရတော့မည်မဟုတ်။

ဘယ်လောက်ပဲ ရပ်တည်နိုင်ပြီးသန်မာသော မိန်းကလေး ဖြစ်ပါစေချစ်သော သူဆီမှ ပွေ့ဖက်မှု ကြင်နာမှု ဂရုစိုက်မှုမလိုချင်သော မိန်းကလေး ဟူ၍ မမြင်မိသေး။သင် မိန်းကလေး တစ်ယောက်ကိုချစ်လို့ လက်ထပ်ပြီးလျှင် ဆက်ချစ်နေရုံနဲ့မပီးချစ်သူ ဘဝက လိုလည်းတစ်ခါတရံ ရိုမန်တစ်ဆန်ဖို့လိုပါသေးသည်။

ဘယ်လောက် ချမ်းသာအောင် ထားထားဘယ်လောက် မိသားစုအတွက်သင် ပြည့်စုံအောင် ရှာနေပါစေ…
တစ်ခါတရံ ကလေးဆန်သည် ဆိုဆိုမရင့်ကျက်သေးသည် ပြောပြောချစ်သူ ဘဝကလို ကြင်နာမှုများ သူတို့လိုအပ်ပါသည်။မိန်းမသည်မိန်းမပင် ဖြစ်သည်စိတ်ဆိုးသည်စိတ်ကောက်သည်အသက်
 ခြောက်ဆယ်အရွယ် ရောက်တောင်သင် ချော့တာ သူတို့ လိုချင်ပါသေးသည်။

Credit :  ကောင်လေးရဲ့ကောင်မလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top