iMyanmarHouse.com - Best Property Website for Myanmar
×














ကိုရီးယားဇာတ်ကားတစ်ကားဖြစ်တဲ့ It's Okay It's Love ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားJo In Sung နဲ့ မင်းသမီးGong Hyo Jin တို့ဟာ ဇာတ်ကားထဲမှာ အနမ်းဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့အတွက် အဲ့ဒီအခန်းတွေ ရိုက်ကူးနေုတုန်း ဘယ်လိုဖီလင်ရှိတယ်ဆိုတာ ပရိသတ်တွေက သိချင်နေခဲ့ကြတာပါ။ ထိုင်ဝမ်မှာ ဒီဇာတ်ကားထုတ်လွှင့်ပြသတော့မယ့်အချိန် မင်းသမီးကို ဒီဇာတ်ကားရိုက်ကူးတုန်းက အတွေ့အကြုံနဲ့ အနမ်းဇာတ်ဝင်ခန်းအတွက် သူမရဲ့ ခံစားချက်တစ်ချို့မေးမြန်းကြည့်လိုက်တော့ သူမ " ရိုက်ကွင်းမှာလည်း လူတွေအများကြီးနဲ့ဆိုတော့ ဘယ်လိုခံစားရမှန်းတောင် မသိတော့ပါဘူး။ ဒါပေမယ့် မင်းသားနဲ့ နမ်းတော့မယ်ဆိုရင် မျက်နှာကို အသားကုန်မော့ထားရတယ်။ သူက အရမ်းအရမ်းရှည်တော့ မနည်းကို မှီအောင်နမ်းရတာ၊ ခက်ခက်ခဲခဲပါပဲ"လို့ ဖွင့်ဟသွားပါတယ်။

မင်းသမီးရဲ့ အရပ်ဟာ ၅ပေ၈လက်မရှည်ပြီး မင်းသားကတော့ ၆ပေ ၂လက်မမို့ မနည်းကို ကြိုးစားပမ်းစား သရုပ်ဆောင်ရမယ့် ပုံပါပဲ။

သူမကို ဘယ်သူနဲ့သရုပ်ဆောင်ရတာ အဆင်အပြေဆုံးနဲ့ သရုပ်အဆောင်ချင်ဆုံးလဲဆိုပြီး မေးမြန်းလိုက်တဲ့အခါမှာတော့ သူမက Cha Seung Won နဲ့ သရုပ်ဆောင်ချင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ "သူက ယောင်္ကျားဆန်ပြီး ဖက်ရှင်လည်းကျတယ်။ ကျွန်မသဘောကျတဲ့ပုံမျိုးက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူမျိုး။ သူကအဲ့ဒီလိုလူမျိုးလည်း ဖြစ်တယ်။ ကျွန်မနဲ့အလုပ်အတူတူတွဲလုပ်တုန်းကလည်း ကျွန်မကို အားအင်တွေ အများကြီး ဖြစ်စေခဲ့တယ်။ အစကတော့ ဒီလူက ငြိမ်ငြိမ်နဲ့အေးတိအေးစက်နေမယ့်သူလို့ ထင်ခဲ့တာ။ တကယ်တမ်း ရိုက်ကွင်းမှာဆုံတော့မှ ဟာသတွေပြော တစ်ချိန်လုံး ရယ်မောနေတဲ့သူမှန်း သိလိုက်ရတာ"လို့သူမက ဖွင့်ဟသွားပါတယ်။

သူမဟာ It's Okay, It's Love ဇာတ်ကားရိုက်ပြီးပြီးချင်းလောက်မှာပဲ သူမရဲ့ချစ်သူ မင်းသား Lee Jin Wook နဲ့ ပြတ်သွားခဲ့သလို ဒီဇာတ်ကားရဲ့ မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Jo In Sung ကလည်း သူ့ရဲ့ ရည်းစား မင်းသမီး Kim Min Hee နဲ့ ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။ ခုလိုဖြစ်သွားတာဟာ ဒီဇာတ်ကားရိုက်လိုက်တဲ့အတွက် မင်းသားနဲ့မင်းသမီး ပိုနီးစပ်သွားပြီး သူတို့ရည်းစားတွေနဲ့တောင် ပြတ်သွားတာလားဆိုတဲ့ မေးခွန်းတွေအပေါ်မှာတော့ သက်ဆိုင်ရာ သရုပ်ဆောင်တွေရဲ့ အေဂျင်စီအသီးသီးက ငြင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် မင်းသမီး Gong Hyo Jin နဲ့ မင်းသား Jo In Sung ရဲ့ ချစ်သူ Kim Min Hee တို့ကလည်း အရင်ကတည်းက သူငယ်ချင်းတွေဖြစ်သလို ခုထိလည်း ခင်မင်နေကြဆဲလို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top