iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာသက်တမ်း ၃ နှစ်အတွင်းမှာ ကြော်ငြာမော်ဒယ်အပြင် လက်ရှိမှာ ဗီဒီယိုကားတွေလဲ ရိုက်လာပြီဖြစ်တဲ့ Pactricia ဟာ မကြာခင်မှာ ရုပ်ရှင်ကားကြီးကိုလဲ စတင်ရိုက်ကူးတော့မှာမို့ လက်ရှိ သူ့အနုပညာလှုပ်ရှားမှုအကြောင်း မေးမြန်းကြည့်တဲ့အခါ “ခုရိုက်နေတဲ့ ကားလေးက ဦးရဲ့အရုပ်ပေါ့။ ကိုပြေတီဦးနဲ့ မယွန်းရွှေရည်နဲ့ပေါ့။ ဒါရိုက်တာက ကိုဇော် ( အရုဏ်ဦး ) ပါ။

 ဒီကားလေးထဲမှာ အချစ်ဒရာမာ ပုံစံလေးပေါ့။ ဒီကားလေးက ၃ ကားမြောက်ပါ။ ရှေ့ ပုဂံမှာ ရိုက်တဲ့ကားက မကြွေပါနဲ့ ဆာကူရာတဲ့။ ကိုအောင်ရဲလင်းနဲ့ပါ။ ညီမက ဂျပန်နဲ့ မြန်မာနဲ့ စပ်ထားတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ဒုတိယကားက အဖြူ + အနီပေါ့။ အဲ့ဒါကလဲ ကိုပြေတီဦးနဲ့ပါပဲ။ ကိုပြေတီဦးနဲ့က အရင်တုန်းကတည်းက ပွဲတွေမှာတော့ တွေ့ဖူးတယ်။ သူတို့စုံတွဲကို အရမ်းလဲ ကြိုက်တယ်။ ကိုယ်လေးစားရတဲ့ အနုပညာရှင်တွေဆိုတော့ တွဲရိုက်ရတဲ့ခါ ရှိန်တာတော့ ရှိတယ်။ ဒါပေမဲ့ ကိုပြေတီဦးကကျတော့ အဲ့လိုဖြစ်နေမှာစိုးလို့ နွေးနွေးထွေးထွေး ဆက်ဆံပေးပါတယ်”လို့ သူမက ပြောပါတယ်။

ခုလို ကားတွေလက်ခံရိုက်ဖြစ်တာနဲ့ပတ်သတ်ပြီး သူမက “ကျောင်းကတော့ တက်နေပါတယ်။ ရိုက်ရင်း တန်းလန်းပေါ့။ ခုမှညီမက ကားရိုက်လောကထဲ စ၀င်တာဆိုတော့ သရုပ်ဆောင် သင်တန်းနဲ့လဲ မတက်ဖူးဘူး။ ကျွမ်းကျွမ်းကျင်ကျင်လဲ မရှိဘူး။ ကိုယ့်ဟာကိုယ် ဇာတ်ညွှန်းဖတ်တယ်။ ကိုယ့်ဟာကိုယ် လုပ်ကြည့်တယ်။ ကားရိုက်က ကိုဇော်တို့က လုပ်ကြည့်မလားဆိုတာနဲ့ ညီမ စမ်းရိုက်ကြည့်တယ်။

အဆင်ပြေတာနဲ့ဆက်ရိုက်ဖြစ်တယ်ပေါ့။ ဇာတ်ရွေးချယ်တာ ကျတော့လဲ ကိုယ်က အသစ်ဆိုတော့ ကားများချင်တယ်ဆိုပြီး ဇာတ်မှန်သမျှတော့ မရိုက်ပါဘူး။ ကိုယ်နဲ့လဲ လိုက်ဖက်ပြီး ကိုယ်လဲနေရာရမယ် ဆိုရင်တော့ ရိုက်ဖြစ်ပါတယ်။ ကားကြီးကတော့ ရာဇ၀င်ရိုင်းသူများ ကားမှာ ပါဝင် သရုပ်ဆောင်ဖို့ရှိပါတယ်။ ကိုပြေတီဦးရယ်၊ ကိုမြင့်မြတ်ရယ်၊ မလိုင်လာခမ်းရယ် ညီမရယ်ပေါ့။ ဒါရိုက်တာက ဦးမျိုးမင်းပါ။ အဲ့ဒီထဲမှာ ညီမက ၀န်ထမ်းကောင်မလေး၊ မချမ်းသာဘူး။ ကိုမြင့်မြတ်ရဲ့ချစ်သူနေရာက ၀င်သရုပ်ဆောင်ရမှာပါ”တဲ့။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top