iMyanmarHouse.com - Best Property Website for Myanmar
×

ကိုရီးယားမင်းသမီး Park Shin Hye ကတော့ မကြာသေးခင်က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူမရဲ့ ၀ါသနာတွေက ဘာဆိုတာကို ဝေမျှခဲ့ပါတယ်။ ပန်းအလှပြင်တာ၊ စက်ဘီးစီးရတာ နှစ်ခြိုက်တဲ့ သူမက "ကျွန်မ ရုပ်ရှင်မရိုက်ခင် အချိန်တွေတုန်းကဆိုရင်တော့ ကိုယ်ဝါသနာပါတာတွေအတွက် အပြည့်အ၀အချိန်ပေးနိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် နွေရာသီရောက်ရင်တော့ ကျွန်မ စက်ဘီးပြန်စီးချင်တယ်။ ပန်းလေးတွေ စိုက်ချင်တယ်။ ပန်းအလှပြင်တာကိုလည်း ကျွန်မ အရမ်းသဘောကျတယ်။ ဘယ်လိုပန်းအလှပြင်ရတယ်ဆိုတာတွေ ကျွန်မလေ့လာပြီးပြီ။ ဘာလို့လဲဆိုတော့ ကျွန်မက အားကစားတွေ သိပ်ကြိုက်တာ။ ကျွန်မမှာ မိန်းမဆန်တဲ့အရာ ဘာမှမရှိဘူးလို့ ခံစားမိလို့ ပန်းအလှပြင်တာကို သင်ယူခဲ့တယ်" လို့ ဆိုပါတယ်။

Park Shin Hye ပါဝင်သရုပ်ဆောင်ထားတဲ့ The Royal Tailors ဆိုတဲ့ဇာတ်ကားဟာလည်း ခု ရုပ်သံလိုင်းတွေက ထုတ်လွှင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top