iMyanmarHouse.com - Best Property Website for Myanmar
×

လက်ရှိမှာ ဒါရိုက်တာ အဖြစ်ပါ လုပ်ကိုင်နေပြီဖြစ်တဲ့ ဟောလီးဝုဒ်မင်းသမီး Angelina Jolie ဟာ နိုင်ငံပေါင်း ၂၃ နိုင်ငံက လူဦးရေ ၂၅၀၀၀ ရဲ့ ရွေးချယ်မှုနဲ့ ကမ္ဘာပေါ်မှာ အလေးစားထိုက်ဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

YouGov လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်ကနေ မဲပေးရွေးချယ်စေခဲ့ရာမှာ အသက် ၃၉ နှစ် အရွယ် ကလေး ၆ ယောက်ရဲ့ Angelina Jolie ဟာ နိုဘယ်ဆုရှင် မာလာလာ ၊ ဟီလာရီ ကလင်တန် ၊ အယ်လီဇဘတ် ဘုရင်မကြီးနဲ့ အမေရိကန် သမ္မတ ကတော် မီရှယ် အိုဘားမား တို့ကို ကျော်လွန်ပြီး အခုလို ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့အလေးစားထိုက်ဆုံး အမျိုးသားစာရင်းထဲမှာတော့ မိုက်ခရိုဆော့ဖ် လုပ်ငန်းရဲ့ သူဋ္ဌေး Bill Gates ဟာ အမေရိကန်သမ္မတ အိုဘားမားကို ကျော်လွန်ပြီး မဲအများဆုံးရခဲ့တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top