iMyanmarHouse.com - Best Property Website for Myanmar
×









သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေက တစ်နေ့မှာ သင့်ကို စကားပြောနိုင်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ ဒါမှမဟုတ် သူတို့လေးတွေရဲ့ လျှို့ဝှက်ဘာသာစကားတွေကို သင်နားလည်နိုင်ချင်လိုက်တာလို့ ဆန္ဒရှိဖူးပါသလား။ တကယ်တော့ တိရိစ္ဆာန်တွေဟာ သူတို့ပြောချင်တာတွေကို လူတွေသိအောင် တနည်းနည်းနဲ့ အမြဲကြိုးစားတတ်ကြပါတယ်။ ကဲ ဒီမှာကြည့်

၁။ ဟန်းစတားလို့ခေါ်တဲ့ ချစ်စရာကြွက်ကောင်လေးက သူ့လှောင်အိမ်ရဲ့ တန်းလေးတွေကို သွားနဲ့ခြစ်နေပြီဆိုရင်

အိမ်မှာမွေးလေ့ရှိကြတဲ့ ဟန်းစတားအကောင်လေးတွေဟာ သူတို့လှောင်အိမ်က တန်းတွေ၊ဘားတွေကို ကိုက်နေပြီ၊ အသံတွေဆူညံအောင် ပေးနေပြီဆိုရင်တော့ ဒါဟာ သူတို့ကို လျစ်လျူမရှုဖို့ ပြောချင်တာပါတဲ့။ သူတို့ပျင်းနေပြီဆိုတာလည်း သင့်ကို အသိပေးချင်တာပါ။ စာရင်းပြုစုချက်တွေအရ ဒီဟန်းစတားအကောင်လေးတွေဟာ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ တတိယမြောက် လျစ်လျူအရှုခံရဆုံးအကောင်လေးတွေပါ။ ကြက်တူရွေးနဲ့ ယုန်ကတော့ လျစ်လျှုရှုခံရဆုံး အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ပထမနဲ့ ဒုတိယ အဆင့်ရှိနေပါတယ်။ ခုလို သင့်ရဲ့ ဟန်းစတားကောင်လေးက အသံတွေဆူညံအောင် လုပ်ပြီဆိုရင် လှောင်အိမ်ပိုကြီးတာကို ပြောင်းပေးတာမျိုး၊ သူဆော့ဖို့ အတွက် အရုပ်လေးတွေ ထည့်ပေးထားတာမျိုး၊ အရေးအကြီးဆုံးက သင်သူနဲ့ တစ်ခါတစ်လေ ဆော့ပေးတာမျိုးတွေ လုပ်ရမှာပါ။

၂။ခွေးတွေ သင့်ခြေထောက်ပေါ် သူတို့ ခြေထောက်တွေကို လာတင်ထားတယ်ဆိုရင်

သင့်အိမ်က ခွေးလေးဟာ သင့်ထိုင်နေတုန်း၊ ဒါမှမဟုတ် သင်မတ်တပ်ရပ်နေတုန်း သင့်အောက်နားမှာ ထိုင်ချလိုက်ပြီး သူရှေ့ခြေလေးတွေကို သင့်ခြေထောက်ပေါ် လာတင်ထားပြီဆိုရင် ဒါဟာ သင့်ကို သူနဲ့အတူ နီးကပ်စွာရှိစေချင်တာ၊ သူနဲ့အတူ အချိန်ဖြုန်းစေချင်လို့သာဖြစ်ပါတယ်။ ဒီလိုခွေးမျိုးဟာ အိမ်မှာတစ်ကောင်တည်း အချိန်များစွာ ရှိနေရတဲ့ ခွေးမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူကြောက်တဲ့အချိန်မျိုးတွေမှာလည်း သူဟာ ဒီလိုပဲပြုမူတတ်ပြန်ပါတယ်။ ဥပမာ အပြင်မှာမိုးတွေခြိမ်းလို့ သင့်ဘေးမှာ လာထိုင်ပြီး ခုလို ပြုမူတယ်ဆိုရင် ဒါဟာ သူကြောက်လို့ဆိုတဲ့သဘောပါ။

၃။ကြောင်တွေ မျက်တောင်ခတ်တာ နှေးကွေးလာတယ်ဆိုရင်

တစ်ခါတစ်လေ သင်နဲ့ သင့်ရဲ့ကြောင်လေး အကြည့်ချင်းဆုံတဲ့အခါ၊ ဒါမှမဟုတ် သူမျက်တောင်ခတ်တာဟာ သာမာန်ထက် နှေးကွေးနေတာကို သတိပြုမိတဲ့အခါ ဒါ ကောင်းတဲ့လက္ခဏာပါပဲ။ ဒီလက္ခဏာဟာ သင့်ကိုသူယုံကြည်တယ်ဆိုတာကို ပြသတာပါတဲ့။ လူတွေအချင်းချင်း စကားပြောတဲ့အခါ တစ်ဖက်လူရဲ့စကားကို စိတ်ပါဝင်စားစွာ၊ ယုံကြည်မှုရှိရှိနားထောင်တဲ့သူတွေဟာ မျက်တောင်ခတ်ဖို့မေ့တာ၊ ဒါ့အပြင် မျက်တောင်ခတ်ဖို့နှေးနေတာ သင်တွေ့ရပါလိမ့်မယ်။ ကြောင်တွေမှာလည်း ထိုနည်းတူစွာပဲမို့ ဒီလိုအပြုအမူဟာ သင့်ကိုယုံကြည်တယ်ဆိုတာပြတဲ့ ဘာသာဗေဒတစ်မျိုးပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top