iMyanmarHouse.com - Best Property Website for Myanmar
×














ဂီတလှုပ်ရှားမှုများနဲ့သာ ပရိသတ်တွေကို ထိတွေ့ခွင့်ပေးခဲ့တဲ့ အဆိုတော် ဥာဏ်လင်းအောင်က လက်ရှိမှာ သရုပ်ဆောင်ဖက်ကိုပါ ကူးပြောင်းဖို့ ရှိနေပြီး ရုပ်ရှင်ကားကြီး ရိုက်ဖို့အတွက် စတင် လက်ခံထားတယ်လို့ ပြောပြလာတာကြောင့် သူ့ရဲ့ ဂီတ အနုပညာ သရုပ်ဆောင်မှုတွေအကြောင်းကို တွေ့ဆုံမေးမြန်းကြည့်မိတဲ့ခါ သူက“လတ်တလောက နယ်ပွဲတွေ၊ ရှိုးပွဲတွေဆိုနေတယ်။ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်မှာ ဖျော်ဖြေခဲ့ပါတယ်။ နှစ် ၁၀၀ ကို ခုမှ စမှီလိုက်တာပေါ့နော်။ နောက်လဲရှိချင်မှ ရှိတော့မှာ။ ပီတိတော့ဖြစ်တာပေါ့။ ရှေ့မှာလဲ ပညာရေး ရန်ပုံငွေပွဲတွေဆိုဖူးတယ်။ ဒါပေမဲ့ ဒီပွဲလေးကတော့ မတူဘူးပေါ့။ ချစ်သူများနေ့မှာ ဘာအစီအစဉ်မှမရှိဘူး။ နောက်လဲရှိမှာ မဟုတ်ပါဘူး။ တစ်ယောက်တည်းပါပဲ။ အရင်နှစ်တွေတုန်းကရော ခုနှစ်ရော ဘာမှကိုမရှိဘူး။ လက်ဆောင်ကပေးမယ် ဆိုပြီး စီစဉ်ထားဖူးတယ်။ ဒါပေမဲ့ မပေးဖြစ်တာ များပါတယ်။ လက်ရှိအချစ်ရေးကတော့ တစ်ယောက်တည်းပါပဲ”တဲ့။

ဒါ့အပြင် “ဂီတနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ခု တစိမ်းလူ ဒီဗီဒီ ထွက်ထားတယ်ပေါ့။ နောက် တတိယအခွေက သင်္ကြန်ပြီးလောက်မှ စသွင်းဖြစ်မယ်။ သီချင်းက အသစ်တွေဖြစ်ဖို့များပါတယ်။ တစိမ်းလူက ပရိသတ်ဆီ သိပ်မရောက်သေးဘူး ထင်တယ်။ ခိုးကူးမရှိတာကြောင့်လဲ ပါမယ်ထင်တယ်။ နယ်အရမ်းဝေးတဲ့ဖက်တွေတော့ မရောက်လောက်ဘူး ထင်တယ်။ ခုနောက်ခွေကလဲ တေးရေး အသစ်တွေဖြစ်ဖို့ များတယ်။ ကိုယ်လုပ်ချင်တဲ့ ပုံစံလေးတွေကို တော်တော်လေးရွေးနေရလို့လေ။ ဂီတကို အစ်ကိုက လိုင်းမတူတဲ့ပုံစံတွေ ဖန်တီးချင်တယ်။ ဒါပေမဲ့ အရမ်းကြီး ကွဲထွက်သွားမှာ စိုးလို့လေ။ မြူးဆစ် ၂ ခုပေါင်းရင် ပရိသတ်တွေ လက်မခံနိုင်မှာလဲ ကြောက်လို့ပါ။”လို့ သူက ပြောပါတယ်။

သရုပ်ဆောင်ပိုင်းလဲ တွဲလုပ်ဖို့ရှိတဲ့ ဥာဏ်လင်းအောင်က “ကားကြီးတစ်ကား လက်ခံထားတယ်။ နန်းခင်ဇေယျာနဲ့ပါ။ ကုမ္ပဏီက မင်းသားတစ်ယောက် ပါဦးမယ်။ မိသားစုဒရာမာလေးပါ။ မရိုက်ရသေးဘူး။ ရက်တွေညှိနေတုန်းဆိုတော့လေ။ သူတို့က ဇာတ်လမ်းတွဲ လာကမ်းလှမ်းတာပါ။ ဒါပေမဲ့ အချိန် အရမ်းပေးရတာကြောင့် စဉ်းစားမယ်ဆိုတော့ ကားကြီးပြောင်းမယ်ဆိုလို့ စမ်းရိုက်ကြည့်တာပါ။ ရုပ်ရှင်ကားကြီးလဲ ဖြစ်တော့လေ။ ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှုရှိတယ်။ ကားရိုက်နဲ့ပတ်သတ်ပြီး ဟိုးငယ်ငယ်လေးကတည်းက အခွေလဲ အရမ်းကြည့်တယ်။ ကိုယ့်ကိုကိုယ် သိပ်သင်စရာမလိုဘူးလို့လဲ ထင်ပါတယ်။ နောက်ပြီး ကျွန်တော်နဲ့ဟိန်းဝေယံနဲ့လဲ အခွေတွဲပြီး ထွက်ဖို့ရှိတယ်။ အဲ့ဒါက သူတို့စီစဉ်တာပေါ့။ သူတို့ဖက်ကကမ်းလှမ်းတာပါ။ ကျွန်တော်တို့ ၂ ယောက်ရယ်၊ သူ့ညီမရယ်၊ နောက်ကောင်မလေး တစ်ယောက်လဲ ပါဦးမယ်ပြောပါတယ်။ ဟိန်းဝေယံနဲ့လုပ်ဖို့က သူတို့သီချင်းတွေ အပ်နေပြီ။ တွဲဆိုဖို့များတယ်။ သူနဲ့ကိုယ်နဲ့က တစ်ကျောင်းတည်း၊ တစ်တန်းတည်းသူငယ်ချင်းတွေပေါ့။ အစကတည်းက ပြောနေတာကြာပြီ။ အခုမှ comfirm ဖြစ်သွားတာပေါ့။ သင်္ကြန်ပြီးမှပဲ လုပ်ဖြစ်ဖို့များပါတယ်”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top