iMyanmarHouse.com - Best Property Website for Myanmar
×








အမျိုးသားတွေက အမျက်ဒေါသထွက်ရင် အရက်ပိုသောက်တတ်ကြပြီး အမျိုးသမီးတွေကတော့ အရက်သောက်ပြီး နောက်တစ်နေ့မှာ စိတ်ဓါတ်ကျတဲ့ ဝေသနာတွေကို ခံစားနေရတတ်ကြပါတယ်။

လူတစ်ဦးဆီရဲ့လိင်ပိုင်းဆိုင်ရာ ကွာခြားမှုကြောင့် အရက်သောက်ပြီး နောက်တစ်နေ့မနက်မှာ ဘယ်လိုအကျိုးဆက်တွေ ကွဲပြားသွားတယ်ဆိုတာကို လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဗားမောက် တက္ကသိုလ်က လက်ထောက်ပါမောက္ခ Valeria Harder က “ဒီအဖို၊ အမကွာခြားချက်နဲ့ဆိုင်တဲ့ အစီရင်ခံချက်တွေအရ အမျိုးသမီးနဲ့အမျိုးသားတွေက စိတ်ဖိအားများမှုကိုတုံ့ပြန်တဲ့ နည်းလမ်းပုံစံတွေမတူညီကြ ပါဘူး” လို့ ပြောခဲ့ပါတယ်။ လူတွေရဲ့ စိတ်ခံစားချက်ကို နားလည်စေဖို့ ဒီတက္ကသိုလ်မှာ အပြန်အလှန် အကျိုးသက်ရောက်မှုရှိတဲ့ အသံသွင်းခြင်း အစီအစဉ်တွေ ကတဆင့် လေ့လာမှုတွေ ပြုလုပ်နေကြပါတယ်။

အသက် (၂၁)မှ (၈၂) အတွင်းရှိ ကျား/မ ၂၄၆ ဦးကို ခြောက်လကြာ လေ့လာကြည့်ခဲ့တဲ့အခါမှာ အမျိုးသားတွေက အမျက်ဒေါသထွက်နေချိန်မှာ အရက်သောက်လေ့ ရှိကြပြီး နောက်တစ်နေ့ရောက်ရင်တော့ ဒီအမျက်ဒေါသတွေ မရှိကြတော့ပါဘူး။ ၀မ်းနည်းမှု ပျော်ရွှင်မှုစတဲ့ ခံစားချက်တွေနဲ့ ပတ်သက်လို့တော့ အမျိုးသမီးရော၊ အမျိုးသားတွေကပါ အရက် သောက်ပြီး နောက်တစ်နေ့မှာ ပျော်ရွှင်တယ်လို့ မခံစား ရတော့ပါဘူးတဲ့။ ဒါပေမယ့်လည်း အမျိုးသမီးတွေအပေါ် ကိုတော့ ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top