iMyanmarHouse.com - Best Property Website for Myanmar
×














တက်သစ်စ မင်းသား တစ်လက် ဖြစ်သည့် ဇေရဲထက်က အောင်မြင်ခြင်းနှင့် နေရာ ဆိုသည့် အရာကို ဖက်တွယ် မထားကြောင်း ပြောသည်။ ကျွန်တော်က အနုပညာ အလုပ်ကို လုပ်ပြီ ဆိုကတည်းက ရှေ့က လူတွေ ဘယ်လို ဖြစ်တတ်လည်း ဆိုတာကို အကုန်လုံး သိထား ပြီးသားပါ။ ကျွန်တော် တို့လို အနုပညာသမားတွေက ဟောင်းသွားရင် အသစ်လာမှာ ပဲလေ။ နေရာဆိုတာ ဖယ်ပေးရမှာပဲ။ ကျွန်တော်တို့ အနေနဲ့ တက်ပြီးရင် ကျရမယ်။ ဒါကို လည်း ကျွန်တော် လက်ခံထား ပါတယ်။ အရမ်းကြီးတော့ စိတ်ထဲမထားဘူး။ ဗုန်းဗုန်းကြီးလဲကျ သွားမယ့် အထဲတော့ မပါဘူး။ ဒီလူ့ဘ၀က တိုတိုလေးပါ။ ဒီအလုပ်မှာ ကျဆုံးသွားရင် နောက်ဘာဆက်လုပ် ရမယ် ဆိုတာ လာမှာပေါ့နော်။

ကျွန်တော်တို့ ဒီအလုပ် မှာလည်း ကြိုးစား လာရတာ ကိုးနှစ်ကျော် သွားပါပြီ။  နယ်ကနေ လာတော့ နေဖို့ ထိုင်ဖို့ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။ မိဘတွေက ဒီအလုပ်ကို ၀ါသနာ မပါကြတော့  ကျွန်တော့် ကိုလည်း မထောက်ပံ့ခဲ့ ကြဘူး။ တတ်နိုင်သလောက် မော်ဒယ်ရှိုးလေးလျှောက်၊ အဆောင်မှာနေ၊ အဲလိုနဲ့ပဲ လုပ်ခဲ့ရတာ။  ကိုယ်ဝါသနာပါလို့ တည့်မတ်အောင် လျှောက်ခဲ့တာပါ။ ကျွန်တော့်ကို အကုန်လုံး ၀ိုင်းပို့ပေး လို့သာ ဒီလိုလမ်းပေါ် ရောက်လာတာပါ ဟု ဇေရဲထက်က ပြောသည်။ ဇေရဲထက်သည် ၂၀၁၅ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီး များလည်း ရိုက်ကူးရန် ရှိပြီး၊ ဗီဒီယိုဇာတ်ကား များလည်း ရိုက်ကူးနေကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top