iMyanmarHouse.com - Best Property Website for Myanmar
×











အမေရိကန်အဆိုတော် မက်ဒေါနားသည် ၂၀၁၅ ဗြိတိန် တေးဂီတထူးချွန်ဆုပေးပွဲ Brit Awards ပိတ်ပွဲအခမ်းအနား၌ Living For Love သီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေစဉ် စတိတ် စင်ပေါ်မှ နောက်ပြန်ပြုတ်ကျခဲ့ သည်။

အသက် (၅၆)နှစ်အရွယ် ပေါ့ပ်ဘုရင်မ မက်ဒေါနား၏ နောက်ခံအကအဖွဲ့ဝင်တစ်ဦး သည် မက်ဒေါနားဖျော်ဖြေတင် ဆက်နေစဉ် ၎င်း၏ အပေါ်ဝတ်ရုံ ရှည်ကို ဖယ်ရှားပေးရန်ကြိုးစားခဲ့ သော်လည်း ဝတ်ရုံရှည်မှာ ကျွတ် မလာဘဲ မက်ဒေါနားမှာ စင်ပေါ် မှ ဆွဲချခံရသလိုဖြစ်ခဲ့ပြီး ကိုးရိုး ကားယားပြုတ်ကျခဲ့သည်။ မက် ဒေါနားသည် ပြုတ်ကျခဲ့သော် လည်း ဟန်မပျက်ဆက်လက်ဖျော် ဖြေ၍ ၎င်းမှာ အဆင်ပြေသည်ဟု Instagram စာမျက်နှာ၌ ရေး သားခဲ့သည်။

‘‘ကျွန်မရဲ့ လှပတဲ့ဝတ်ရုံ ရှည်က အရမ်းကို ကျပ်နေခဲ့လို့ပါ။ ဒါပေမဲ့ ဘယ်အရာကမှ ကျွန်မကို မရပ်တန့်စေနိုင်ပါဘူး။ ချစ်ခြင်း မေတ္တာတရားက ကျွန်မကို လဲကျ ရာကနေ ပြန်လည်ထူမပေးပါ တယ်။ ဆုတောင်းမေတ္တာပို့သပေး တဲ့သူတွေအားလုံးကိုလည်း ကျေး ဇူးတင်ပါတယ်။ ကျွန်မအဆင်ပြေ ပါတယ်’’ဟု မက်ဒေါနားက Instagram စာမျက်နှာ၌ ရေး သားခဲ့သည်။
ဖျော်ဖြေနေစဉ် မက်ဒေါနား ပြုတ်ကျခဲ့မှုအတွက် ပွဲကြည့်ပရိ သတ်များအပြင် မက်ဒေါနား၏ ပရိသတ်များကလည်း စိတ်ပူခဲ့ကြ သည်။

‘‘မက်ဒေါနားပြုတ်ကျလို့ လန့်သွားတာပဲ။ ဒါပေမဲ့ သူက သမ္ဘာရင့်တစ်ဦးပါ။ ဆက်လက် ဖျော်ဖြေသွားခဲ့တယ်’’ဟု အဆို တော်အက်ရှ်လေရောဘတ်က ITV သတင်းသို့ ပြောသည်။
အဆိုတော် မက်ဒေါနား သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပ ပြုလုပ်မည့် Brit Awards ဆုပေး ပွဲ၌ ပါဝင်ဖျော်ဖြေခဲ့ခြင်းဖြစ် သည်။ ယင်းဆုပေးပွဲတွင် အန် ယေးဝက်စ်နှင့် တေလာဆွစ်ဖ်တို့ လည်း ပါဝင်ဖျော်ဖြေခဲ့ကြသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top