iMyanmarHouse.com - Best Property Website for Myanmar
×










ဘ၀ဆိုတာ အခက်အခဲတွေ၊ မျှော်လင့်မထားတဲ့ အရာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ သင့်အလုပ်မှာ၊ ကုမ္ပဏီမှာ အဆင်မပြေတာတွေ များလာမယ်။ သင်ယူစရာတွေက မကုန်နိုင်အောင် ဖြစ်လာတာမို့ အမှားတွေ ရှိကောင်းရှိနေလိမ့်မယ်။ ကိုယ်လုပ်နေရတဲ့ နေရာ၊ အနေအထားနဲ့ ကိုယ့်အလုပ်နဲ့ ဘယ်လိုမှ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ သင့်ရဲ့အလုပ်ရှင်၊ သူဌေးက ခံစားလာရမယ်ဆိုရင် သင့်ကို အလုပ်ကနေ ထုတ်ဖို့ စဉ်းစားလာပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကို ကိုယ့်ဘက်က ကြိုသိနေနိုင်တာမျိုးရှိရင် ကိုယ့်ဘက်ကလည်း ကိုယ်နဲ့အံဝင်မယ့် အလုပ်မျိုး ကြိုရှာထားနိုင်သလို ရုတ်တရက် ကိုယ့်ကိုခေါ်ပြောလိုက်တဲ့အချိန်မှာ အံအားသင့်၊ ရှော့ခ်ရသွားတာမျိုး မဖြစ်တော့ဘူးပေါ့။ ကဲ ဘယ်လိုအနေအထားတွေက သင်အလုပ်ထုတ်ခံရတော့မယ်ဆိုတာ ကြိုပြီး သိစေနိုင်သလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

၁။သင့်အလုပ်တွေကို တစ်ခြားဝန်ထမ်းတွေကို လွှဲပြီး လုပ်ခိုင်းလာတဲ့အခါ
သင်လုပ်နေကျ အလုပ်တွေကို သင့်ရဲ့အထက်အရာရှိ၊ ဒါမှမဟုတ် သင့်ရဲ့ဘော့စ်က တစ်ခြားလူတွေကို ခွဲပြီး လုပ်ပေးဖို့ မေးမြန်းလာတာကို သင်တွေ့မြင်လာရပြီဆိုရင်တော့ သူတို့ဟာ သင့်ကို အလုပ်ဖြုတ်ဖို့ စဉ်းစားနေကြလို့ပါ။ ဒီလို လုပ်တာမျိုးဟာ ကိုယ်က ရာထူး တက်သွားတာကြောင့် ဟုတ်ရင်ဟုတ် မဟုတ်ရင်တော့ ကိုယ့်ကိုအလုပ်ထုတ်မှာမို့လို့ ရှင်းနေတာပါပဲ။

၂။လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ကို ရှောင်လာတဲ့အခါ
အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေက ခုနောက်ပိုင်း သင်နဲ့ မျက်လုံးချင်းဆုံမှာတောင် စိုးရိမ်နေသလို ဖြစ်လာတယ်။ ထမင်းအတူတူ စားတာမျိုး မရှိတော့ဘူး။ အားနာသလို၊ စိတ်မကောင်းသလို မျက်နှာပေးတွေနဲ့ ဖြစ်နေရင်တော့ ကိုယ့်အခြေအနေကိုယ် သဘောပေါက် လိုက်ပါတော့။

၃။အစည်းအဝေးပွဲတွေမှာ ကိုယ်တက်ရောက်ဖို့ အခေါ်မခံရတော့တဲ့အခါ
လူတိုင်းနီးပါး တက်ရတဲ့ အစည်းအဝေးတွေ၊ ကိုယ်တက်နေကျ အစည်းအဝေးတွေမှာ ကိုယ့်ကို လာတက်ဖို့ မပြောတော့တဲ့အခါ သင့်ကို သူတို့ထည့်မတွက်ကြတော့ဘူးလို့သာ မှတ်လိုက်ပါ။

၎။အားလပ်ရက်အကြောင်း သူဌေးကို ပြောတိုင်း သူက အူကြောင်ကြောင် ဖြစ်သွားတဲ့အခါ
လာမယ့် နွေရာသီမှာ အားလပ်ရက် ယူချင်တဲ့အကြောင်း သင့်ရဲ့ ဘော့စ်ကို ကြိုအသိပေးလိုက်ပေမယ့် အဲ့ဒီလိုပြောလိုက်တိုင်း သူက အူကြောင်ကြောင် ဖြစ်သွားပြီး ခွင့်ပေးမယ်၊ မပေးဘူးလည်း မဆိုသလို လာမယ့်နွေရာသီမှာ ဘယ်လိုအခြေအနေရှိမယ် မသိသလို စကားလွှဲလွဲသွားမယ်ဆိုရင် ဒါကလည်း သင့်ကို သူအဲ့ဒီအချိန် ဒီအလုပ်မှာ သင်မရှိဘူးဆိုတာ ကြိုမပြောချင်လို့သာ ဖြစ်ပါတယ်။

၅။သင့်ရဲ့လုပ်ငန်းပိုင်းဆိုရင် စာရွက်စာတမ်းအားလုံး တောင်းခံလိုက်ရပြီဆိုရင်
သင့်ရဲ့ဘော့စ်၊ ဒါမှမဟုတ် အထက်အရာရှိက သင့်လက်ထဲက လုပ်ငန်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်း၊ ငွေကြေးစတာတွေကို စာရင်းနဲ့ပြန်အပ်ဖို့ ဆိုလာပြီဆိုရင် ဒါဟာ ဒီအလုပ်မှာသင့်ကို ဆက်ထားဖို့ မရှိတော့လို့ပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top