iMyanmarHouse.com - Best Property Website for Myanmar
×










ကနေဒါပေါ့ အဆိုတော် ဂျက်စတင်ဘီဘာ သည်ပြီးခဲ့သည့်နှစ် ကပြုလုပ် ခဲ့သည့် အပြုမှုများနှင့် ပတ်သက်ပြီး ၄င်ကိုယ်တိုင် ပွင့်ပွင့် လင်းလင်းပြော ကြားထား သည့်ဗီဒီယိုဖိုင် ကိုပြီးခဲ့သည့် လနှောင်းပိုင်းက ကိုယ်တိုင် တင်ခဲ့သည်။ ၄င်း၏မာနထောင် လွှားပြီး ဆိုးရွာသော ၄င်း၏ အပြုမှု များအတွက် လည်းတောင်းပန်းကြောင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ၅ရက်က The Ellen DeGeneres Show အစီစဉ်နှင့်ပြုလုပ်သည့်တွေ့ ဆုံမေးမြန်း ခန်းတွင် ဘီဘာက ၄င်း၏ဆိုး ရွားလှသော အပြုမှု များကကိုယ့် အပေါ်ထင် ဟပ်သော အကျိုး သက်ရောက် မှုရှိကြောင်းပြော ကြားခဲ့ပြီးတောင်းပန် မှုနှင့်ပတ်သက် သည့်ဆွေးနွေး မှုများပြုလုပ် ခဲ့ကြသည်။

“ကျွန်တော်အချိန် တစ်ခုကြာအောင် တီဗီဖန်သားပြင်ပေါ်မှာ ရှိနေခဲ့တာ ဒါပထမဆုံးပါပဲ။လူတွေက ကျွန်တော့ကို ဘယ်လိုထင်မြင်ကြမလဲ ဆိုတာနဲ့ ပတ်သက် လို့ကျွန်တော စိုးရိမ်တယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ကျွန်တော် ဆိုးရွားလှ တဲ့အပြုမှုတွေ လုပ်ခဲ့တယ်။ အဲဒီလုပ်ရပ်တွေ အတွက် ကျွန်တော် ဂုဏ်မယူပါဘူး။

ပရိတ်သတ်တွေရှေ့ ထပ်မံရောက် ရှိဖို့နဲ့ သူတို့တွေရဲ့ရှေ့မှာ စကားပြော ဖို့ကို ကျွန်တော်ကြောက် ရွံနေ မိတယ်။ကျွန်တော်လုံး ၀ကြောက်ရွံ့နေ တယ်ပုံပေါ် တယ်လို့တွေး ထင်မိတယ်။ ကျွန်တော်ဟာ ကြင်နာနွေးထွေးတဲ့သူ တစ်ယောက်ဆိုတာ ကိုယ်တိုင် ရှင်းပြချင်တယ် ”ဟု ဘီဘာ ကပြောကြားခဲ့သည်။

“ကျွန်တော်ရဲ့ ဆိုးရွားလှတဲ့အပြု မှုတွေနဲ့ပတ်သက်လို့ ပွင့်ပွင့် လင်းလင်းပြော ကြားထား တဲ့ဗီဒီယိုဖိုင်ကို တင်ချင်တယ်။ ကျွန်တော်ဟာ လူသား တစ်ယောက် ဆို တာ လူတွေသိစေ ချင်တယ်။ ကျွန်တော် ပရိတ်သတ်တွေ ကိုချစ်တယ်။

ကျွန်တော်ဒီကိစ္စတွေနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားတယ်။ ပိုမိုကောင်းမွန်တဲ့ ရှင်သန်ကြီးပြင်း မှုတွေနဲ့ပတ်သက် လို့လည်း စိတ်လှုပ်ရှားနေ ပါတယ်။ ဒီကိစ္စဟာ ကျွန်တော့် ဘ၀မှာ ထိန့်လန့် အံသြဖွယ် အခန်းကဏ္ဍ တစ်ခုဖြစ် လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ဘက်မှာ ပရိတ်သတ်တွေရဲ့ အားပေးထောက်ပံ့ မှုတွေရှိလို့ ကျွန်တော်ပျော် ပါတယ်။”ဟု ဘီဘာ ကပြော ကြားသည်။

ဘီဘာသည် မကြာသေးမီနှစ်များက အရက်သေစာသောက်စားကာ ယာဉ်မောင်းမှု၊ အများပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနှင့် ကိုယ်ထလက်ရောက် ကျူးလွန်မှုစွဲ ချက်များ အပါအ၀င် ဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ် များစွာကို လုပ်ဆောင်ခဲ့ သူဖြစ်သည်။

Credit : Mizzima

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top