iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များအဖွဲ့ KARA မှ အဖွဲ့ဝင်ဟောင်း နီကိုး သည် လာမည့်ဧပြီတွင် တစ်ကိုယ်တော် ဂျပန်တေးအယ်လ်ဘမ်ထွက်မည်ဟု ၎င်း၏ အေဂျင်စီက ပြောကြားသည်။

‘‘ဧပြီမှာ နီကိုးရဲ့ ပထမဆုံး ဂျပန်တေးအယ်လ်ဘမ်ထွက်ရှိပါမယ်။ အဲဒီအယ်လ်ဘမ်အတွက် သီချင်းတွေကို ပြင်ဆင်နေဆဲဖြစ်တာကြောင့် အယ်လ်ဘမ်ထွက်မယ့် နေ့ရက်အတိအကျကို မဆုံးဖြတ်ရသေးပါဘူး။ အဲဒီအယ်လ်ဘမ်သစ်မှာ နီကိုးရဲ့ပထမဆုံးကိုရီးယားတစ်ကိုယ်တော်တေးအယ်လ်ဘမ်နဲ့မတူတဲ့ သီချင်းတွေ ပါဝင်ပါလိမ့်မယ်။ နောက်ပြီး နီကိုးရဲ့ အရည်အချင်းသစ်တွေကိုလည်း တွေ့ရပါလိမ့်မယ်’’ဟု ၎င်း၏အေဂျင်စီကပြောသည်။

လာမည့် ဧပြီတွင်ထွက်ရှိမည့် အယ်လ်ဘမ်မှာ KARA အဖွဲ့ မှ နီကိုးထွက်ခွာခဲ့ပြီးနောက်ပထမဆုံးထွက်ရှိသည့် တစ်ကိုယ်တော် ဂျပန်တေးအယ်လ်ဘမ်ဖြစ်သည်။ တစ်ကိုယ်တော် ဂျပန်အယ်လ်ဘမ်ထွက်ရှိပြီးနောက် နီကိုးသည် ကိုရီးယားမီနီ အယ်လ်ဘမ်သစ်ထွက်ရှိရန် ဆက်လက်ကြိုးစားသွားမည်ဟု အေဂျင်စီက ပြောသည်။အသက်(၂၃)နှစ်အရွယ် နီကိုးသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် KARAအဖွဲ့မှ ထွက်ခွာခဲ့ပြီး တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုများကိုသာ လုပ်ဆောင် လျက်ရှိသည်။  

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top