iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန် အဆိုတော် ခရစ်ဘရောင်းက ကနေဒါနိုင်ငံသို့ဝင်ရောက်ခွင့် ငြင်းပယ်ခံရ၍ မွန်ထရီယယ်မြို့ နှင့် တိုရန်တိုမြို့တို့တွင်ပြုလုပ် မည့် ဖျော်ဖြေပွဲများဖျက်သိမ်းခဲ့ရ သည်ဟု ဖေဖော်ဝါရီ ၂၄ ရက် တွင် ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် မွန်ထရီယယ်မြို့နှင့် ဖေဖော်ဝါရီ ၂၅ ရက်တွင် တိုရန်တိုမြို့၌ပြုလုပ်မည့် ခရစ်ဘရောင်း၏ဖျော်ဖြေ ပွဲများကို  လူဝင်မှုကြီးကြပ်ရေး ပြဿနာများကြောင့် ဖျက်သိမ်း လိုက်ကြောင်း ဖျော်ဖြေပွဲစီစဉ် သည့် Live Nation အဖွဲ့က ပြောသည်။

‘‘ကနေဒါအစိုးရရဲ့ လူကြီးလူ ကောင်းတွေက ကျွန်တော့်ကို ပြည်ဝင်ခွင့်ပေးမှာမဟုတ်ပါဘူး’’ ဟု ခရစ်ဘရောင်းက တွစ်တာစာ မျက်နှာ၌ ရေးသားသည်။

အဆိုတော်ခရစ်ဘရောင်း သည် ချစ်သူဖြစ်သူ အဆိုတော် ရီဟားနားအပေါ် ကိုယ်ထိလက် ရောက်တိုက်ခိုက်မှုဖြင့် ၂၀၀၉ ကတည်းက    ခံဝန်ကာလဖြင့် နေခဲ့ရသူဖြစ်သည်။ သို့ရာတွင် ခရစ်ဘရောင်းသည် ၂၀၁၄  ၌ ခံဝန်ကာလများကို  ချိုးဖောက် မှုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲချမှတ် ခံခဲ့ရသည်။

ပြစ်မှုရှိသော ဖျော်ဖြေရေး သမားများအတွက် ပြည်ပနိုင်ငံ များသို့ ပြည်ဝင်ခွင့်ငြင်းပယ်ခံရ ခြင်းမှာ ထူးခြားဖြစ်စဉ်တစ်ခု မဟုတ်ပေ။ ပြီးခဲ့သည့် ၂၀၁၀ ကလည်း ခရစ်ဘရောင်းသည် ဗြိတိန်နိုင်ငံသို့ ပြည်ဝင်ခွင့်ငြင်း ပယ်ခံရ၍ ဗြိတိန်ဖျော်ဖြေပွဲ ရွှေ့ ဆိုင်းခဲ့ရသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top