ငယ်ငယ်တုန်းက မေမေနဲ့အတူ တောအုပ်လေးတစ်ခုဆီ ကျွန်တော်လမ်းလျှောက်ထွက်ခဲ့တယ်။ လေတစ်ချက်အဝှေ့မှာ သစ်ရွက်လေးတွေက မြေပြင်ပေါ် တဖြုတ်ဖြုတ်ကြွေကျကြတယ်။
“သစ်ရွက်တွေက လေကြောင့် ကြွေလွင့်ရတာလား မေမေ”
“သစ်ရွက်တိုင်းက လေကြောင့်ကြွေရတာ မဟုတ်ဘူး သား။ တချို့သစ်ရွက်က လေမတိုက်လည်း သူ့အလိုလိုကြွေတတ်တယ်”...
“လေမရှိဘဲ.. သစ်ရွက်က ဘာဖြစ်လို့ သူ့အလိုလိုကြွေရတာလဲ မေမေ” ကျွန်တော်နားမလည်စွာ ပြန်မေးတော့
“အဲဒီသစ်ရွက်တွေက သူတို့ကိုယ်သူတို့ လက်လွတ်အရှုံးပေးလိုက်လို့ပဲ။ လောကမှာ ကုစရာဆေးမရှိဆုံးက မိမိကိုယ်ကိုယ် လက်လွတ်ဆုံးရှုံးခြင်းပဲ သား။ တချို့သစ်ရွက်တွေက လေဘယ်လောက်တိုက်တိုက် မကြွေကျဘူး”
“ဘာဖြစ်လို့လဲ မေမေ”
“သူတို့မှာ ရှင်သန်ဖို့မျှော်လင့်ချက်ရှိကြသေးလို့ပဲ သား။ မျှော်လင့်ချက်က သူတို့ကို ဆင်းရဲဒုက္ခကနေရုန်းထွက်ဖို့ သတ္တိတွေပေးနေခဲ့တယ်။ ရှင်သန်ဖို့ သစ်ကိုင်းကိုလက်မလွှတ်တဲ့ သတ္တိတွေပေးနေခဲ့တယ်။ ကံကို သူတို့ပုံမချဘူး”
သစ်ရွက်တစ်ရွက်က လေရဲ့တိုက်ခိုက်ထိုးနှက်ဒဏ်ကို ခံရချိန်ရှိခဲ့တယ်။
လူတစ်ယောက်ကလည်း လောကဓံရဲ့ထိုးနှက်ချက်ကို ခံရချိန်ရှိခဲ့တယ်။
သစ်ရွက်တစ်ရွက် ဒါမှမဟုတ် လူတစ်ယောက်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တာက ပြင်ပလောကရဲ့ခြယ်လှယ်မှုတွေမဟုတ်ဘဲ သူ့ရဲ့မိမိကိုယ်ကိုယ် ဖမ်းဆုပ်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းပဲဖြစ်ပါတယ်။
Credit : 99 Sanay
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
“သစ်ရွက်တွေက လေကြောင့် ကြွေလွင့်ရတာလား မေမေ”
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။