iMyanmarHouse.com - Best Property Website for Myanmar
×










 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဟန်ဟယ်ဂျင်း နှင့် ခင်ပွန်းဖြစ်သူကြေးစားဘော လုံးသမား ဂီဆောင်းယောင်တို့ သည် ပထမဆုံးရင်သွေးလေးကို မျှော်လင့်လျက်ရှိသည်ဟု ဟန် ဟယ်ဂျင်း၏ အေဂျင်စီက ဖေဖော်ဝါရီ ၂၂ ရက်တွင် အတည်ပြု ပြောကြားသည်။

‘‘ဟန်ဟယ်ဂျင်းရင်သွေး လေးရတော့မယ်ဆိုတာ အမှန် ပါ။ သူအခုကိုယ်ဝန်လွယ်ထား ပါပြီ။ ဂုဏ်ယူဝမ်းမြောက်စရာ သတင်းကောင်းတစ်ခုပါ’’ ဟု အေဂျင်စီက ပြောကြားသည်။

ဟန်ဟယ်ဂျင်းနှင့် ဂီဆောင်း ယောင်တို့သည် ၂၀၁၃ ဇူလိုင် တွင် လက်ထပ်ခဲ့ပြီးနောက် တစ် နှစ်ခွဲကျော်အကြာ၌ ပထမဆုံးရင် သွေးလေးကို မျှော်လင့်နေကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆွမ်ဆီးဘောလုံးအသင်းနှင့် မန် ယူအသင်းတို့ကစားကြသည့်ပွဲ၌ ဆွမ်ဆီးကွင်းလယ်ကစားသမား ဂီဆောင်းယောင်က အသင်းအ တွက် ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ သည်။ အနိုင်ဂိုးတစ်ဂိုးသွင်းပြီး နောက် လက်မကိုပါးစပ်ဖြင့်စုပ်၍ အောင်ပွဲခံသည့် ဂီဆောင်းယောင် ၏ အမူအရာနှင့်ပတ်သက်၍ ပရိ သတ်များက ၎င်း၏ဇနီး၌ ကိုယ် ဝန်ရှိနေပြီဟု ခန့်မှန်းခဲ့ကြသည်။

Credit: 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top