iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင်ပိုင်းဘက်ကို ရောက်လာသည့် ထားထက်ထက်က အနုပညာနှင့် ပတ်သက်လျှင် နောင်တ မရအောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။ Miss ကနေ သရုပ်ဆောင်ဘက်ကို ရောက်လာတဲ့ အခါ ကျတော့လည်း ကိုယ်က ပိုလုပ်ရတာပေါ့နော်။ Miss ဆိုတာ ကလည်း ကိုယ့်ရဲ့ ပါဖောမန့်ကို ပြရတာပဲ။ အင်တာနေရှင်နယ်မှာ ကိုယ်က အများကြီး အကောင်းဆုံး ကြိုးစားပြီး လုပ်လာ ရတယ်။

အခု တစ်နှစ်ပြည့် ပြီးနောက် မှာလည်း ရိုက်ကူးမှု အတွက်  ကိုယ်တိုင်လည်း ရိုက်ကွင်းတွေ  လေ့လာသလို  နီးစပ်ရာတွေကို မေးမြန်းပြီး ကြိုတင် လေ့လာခဲ့ရ ပါတယ်။ ရုပ်ရှင်ကားကြီး အနေနဲ့ ကတော့ လူကြမ်း တစ်ယောက်ရဲ့ ဒိုင်ယာရီကို ရိုက်ထား တာပါ။ ကာရိုက်တာတော့ ရိုးရိုးအေးအေး ခရစ်ယာန်မလေး တစ်ယောက်ပေါ့နော်။ အဲဒီလိုလေး သရုပ်ဆောင် ထားပါတယ်။ ထားထက် ကတော့  ဘယ်အရာပဲ လုပ်လုပ်ပေါ့နော်၊ ထားထက်က အကောင်းဆုံး ဖြစ်အောင် လုပ်တယ်။ နောက်ပြန်လှည့်ရင် နောင်တမရအောင် လုပ်ထားတာပါ။

ဘယ်အရာကို မဆို ကြိုတင် ပြင်ဆင်ပြီး လုပ်တယ်။  သရုပ်ဆောင်ပိုင်းမှာ ဆိုရင် သဘာဝကျတဲ့ ကာရိုက်တာနဲ့ လိုက်ဖက်မယ့် ပုံစံကို  သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်အောင် လုပ်ဆောင်နေပါတယ်။နောက်ပြီးတော့ စီနီယာတွေရဲ့ ရိုက်ကွင်းကို   သွားပြီးတော့  အပြင်ကနေ လိုက်လေ့လာ ဖြစ်တယ်။ လေ့လာ ပြီးတော့မှပဲ ရိုက်ဖြစ်ပါတယ်။ အများကြီး ခက်ခဲခဲ့တာတော့  မရှိသေးပါဘူး ဟု ထားထက်ထက်က ပြောသည်။  ထားထက်ထက်သည် ရဲမေ အဖြစ်  သရုပ်ဆောင် ထားသော မြင်းမိုရ် အောက်ကစိန် ဇာတ်ကား တွင်လည်း အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ စိုးမြတ်သူဇာတို့နှင့် အတူ ပါဝင် ထားကြောင်း ပြောသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top