iMyanmarHouse.com - Best Property Website for Myanmar
×










ကင်ဆာကုသမှု ခံယူနေတာ ကြောင့် လွယ်လွယ်ကူကူ မောပန်းနိုင် ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေထက် ပိုပြီး အိပ်စက်ဖို့နဲ့ အနားယူဖို့ လိုအပ်ပါတယ်။ ကင်ဆာကုထုံးကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်တာ၊ စိုးရိမ်စိတ်များတာ၊ စိတ် ဓာတ်ကျတာ၊ ညဘက်ချွေးထွက် တာလို မျိုး ဆိုးကျိုးတွေကြောင့် အိပ်စက်မှု အကျင့်ကို ပြောင်းလဲစေ တတ်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ပေးပါ။

- အိပ်ရာမှ နိုးထလာခဲ့ရင် ပန်းခြံထဲ လမ်းလျှောက်တာ၊ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်တာနဲ့ ယောဂလုပ် တာလိုမျိုး လေ့ကျင့် ခန်းတချို့လုပ်ပေးပါ။

- သင် အိပ်ရာဝင်ချိန်မှာ သင့်အိပ်ခန်းကို ဆိတ်ငြိမ်မှုရှိပြီး သက်သောင့်သက်သာ ရှိအောင် အတတ်နိုင်ဆုံးပြု လုပ်ထားပါ။

- အိပ်ရာမဝင်ခင်မှာ နွားနို့၊ ပျားရည် ဒါမှ မဟုတ် ဘီစကွတ်လိုမျိုး ကဖင်းမပါတဲ့ အစာတွေ စားပေးပါ။

- အိပ်ရာမဝင်ခင်မှာ ခြေထောက်တွေကို အသာအယာ အနှိပ်ခံပါ။

- နာကျင်တာကြောင့် သင်အိပ်ရာမှ နိုးထစေခဲ့ရင် သင့်ဆရာဝန်ကို အကိုက် အခဲပျောက်ဆေး ဒါမှမဟုတ် အိပ်ဆေး ပေးဖို့ တောင်းဆိုပါ။ 

Credit : yoyarlay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top