iMyanmarHouse.com - Best Property Website for Myanmar
×













တောင်ကိုရီးယားပေါ့ပ် ရော့ခ်တေးဂီတအဖွဲ့ F.T.Islandမှ အဖွဲ့ဝင် လီဟွန်းဂီက တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိမှုနှင့်ပတ်သက်သည့် ကောလာဟလသတင်းများကို ဖေဖော်ဝါရီ ၁၆ရက်တွင် တွစ်တာစာမျက်နှာမှတစ် ဆင့် ရှင်းလင်းပြောကြားသည်။

‘‘ပရိသတ်တွေကြားမှာတစ်ကိုယ်တော်အယ်လ်ဘမ်အကြောင်းဆွေးနွေးမှုကနေဒီရှုပ်ထွေးမှုတွေဖြစ်လာတယ်လို့ ယူဆရပါတယ်။ တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ဖို့ ကိစ္စက အတည်မပြုရသေးပါဘူး။ အယ်လ်ဘမ်ထွက်ဖြစ်ရင်လည်း F.T.Island အဖွဲ့ မထိ ခိုက်စေရဘူး။ စိတ်မပူပါနဲ့’’ဟု လီဟွန်းဂီ၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

တစ်ကိုယ်တော်အယ်လ်ဘမ်နှင့်ပတ်သက်သည့် ကောလာဟလများကို ဖြေရှင်းမှုနှင့်အတူ လီဟွန်းဂီက လက်ကောက်ဝတ်၌ FTISLAND ဟူသောစကားလုံးကို မင်အမည်းနှင့်ရေးသားပြီး ဓာတ်ပုံရိုက်တင်ခဲ့သည်။    

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top