iMyanmarHouse.com - Best Property Website for Myanmar
×














Sexy  မော်ဒယ် အဖြစ် အောင်မြင်နေသည့်  ဇာဇာထက်က လောက်ကိုင် တိုက်ပွဲများတွင် ကျဆုံး သွားသော စစ်သည်များ အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပြီး အနုပညာရှင် များနှင့်လည်း ပရဟိတ အလှူပြုရန် စီစဉ်နေကြောင်း ပြောသည်။ ဇာ အခုလို ပြုလုပ်တာတွေက အမျိုးသားရေး စိတ်ဓာတ် ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ပါဝင်ကူညီ ဖြစ်တာပါ။

ကိုယ့်နိုင်ငံက တပ်မတော်သားတွေ အများကြီး ကျဆုံးတယ် ဆိုတော့ စိတ်မကောင်းဘူး ပေါ့။ လူသားချင်း စာနာစိတ်နဲ့ ကူညီ ဖြစ်တာပါ။ စစ်ဌာနချုပ် မှာတော့ တချို့ တစ်ဝက်ကို လှူပြီးပြီ။ ကျဆုံးသွားတဲ့  ရဲဘော်တွေနဲ့ ပတ်သက်ပြီး FB မှာ တရားဝင် ရေးထား ပါတယ်။ ရန်ပုံငွေပွဲ ဖြစ်ဖြစ် ဘာပွဲပဲ လုပ်လုပ်ပေါ့နော်။ ပရဟိတ အနေနဲ့ အနုပညာအားနဲ့ ကူညီမယ်၊ ဖျော်ဖြေမယ် ဆိုပြီးတော့ ရေးထားတယ်။ တီးဝိုင်းက အစ်ကိုတွေနဲ့ တိုင်ပင်ပြီးတော့ ငွေစုပြီးတော့ တပ်မတော်သားတွေကို ဖျော်ဖြေရေး အနေနဲ့ ပရဟိတ အလှူငွေ လိုက်ခံမယ်။ သီချင်းတွေ ဆိုကြမယ်။ အလှူငွေတွေ ကောက်ခံပြီး လှူမယ်။

တစ်ယောက်ချင်း ကျတော့ အများကြီး မလှူနိုင်ဘူး။ အများကြီး စုပေါင်းပြီး လှူတော့ အလှူငွေလည်း  များများရတယ်။ နေရာစုံ ကိုလည်း လှူဖြစ်မယ်။ ကိုယ်ကတော့ အနုပညာနဲ့ ပေါနော့်။ ကိုယ့်ရဲ့အနုပညာ မောင်နှမတွေနဲ့ တချို့ တစ်ဝက်နဲ့ တိုင်ပင်နေတယ်။ ကားနဲ့ လှည့်ရင် ကောင်းမလား။ ဒါမှမဟုတ် တစ်နေရာရာမှာ Fan ငွေအနေနဲ့ ပေါ့နော်။ အခုတော့ တိုင်ပင်နေကြတယ်။ လုပ်ဖြစ်ဖို့ တော့များပါတယ်။ ဘယ်သူတွေ ပါဝင်မလဲ ဆိုတာကို စောင့်ရဦးမယ်။

ကိုယ်က လုပ်မယ် ဆိုပေမယ့် ပါဝင်လာမယ့် အနုပညာရှင်တွေ ကတော့ အများကြီးရှိမှာပါ။ တိုင်ပင်တယ် ဆိုတာက လောလောဆယ် အလှူငွေ မရခင် ကိုယ့်ဘက်က ကုန်ကျမှာတွေ ဆိုတော့ ဘယ်လောက် ကုန်ကျမလဲ၊  အလှူငွေ  ရနိုင်မလဲ။ အနုပညာရှင်တွေ ကိုယ်တိုင် အလှူငွေ လိုက်ခံမယ်ပေါ့။ အနုပညာရှင် တွေဆိုတာ ကလည်း ဇာတို့ဘက်က အသိုက်အ၀န်းပေါ့ နော်။ ဇာတို့လည်း အဆိုတော်ဘက်ကို သွားနေတော့ လေ။

 Sexy  ဘက်ကိုတော့ နည်းနည်းလျှော့ လုပ်သွားမယ်။ Sexy  နဲ့ပဲ နာမည်ကြီး သွားတော့ Sexy ကိုတော့ နောက်ပိုင်းမှာ နည်းနည်းလျှော့ သွားမယ်။ အဆိုလိုင်းဘက်ကို သွားမယ် ဟု ဇာဇာထက်က ပြောသည်။ ဇာဇာထက်သည်  ပရဟိတ  လုပ်ငန်းများအား တတ်နိုင်သမျှ လုပ်ကိုင် သွားမည် ဖြစ်ပြီး၊ ပရဟိတအသင်း တည်ထောင်ရန်လည်း ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top