iMyanmarHouse.com - Best Property Website for Myanmar
×










ဟန်းဖုန်းအသုံးပြုသူ လူငယ်များဟာ ချစ်သူထက် ဟန်းဖုန်းကို ပိုမိုစွဲလမ်းနေကြပါတယ်။ ချစ်သူနဲ့ ချိန်ထားခြင်းမရှိဘဲ အကြောင်းရင်းမဲ့ ဖုန်းကောက်ကိုင်လိုက် ပြန်ချလိုက်နဲ့ auto အရိပ်တကြည့်ကြည့် ဖြစ်နေရင် သင်လည်းပဲ ဟန်းဖုန်းကို စွဲလမ်းနေပါပြီ။

လျှပ်စစ်ပစ္စည်းတွေဟာ လူငယ်တွေကို စိတ်အားဖြည့်တင်ပေးနိုင်ပေမယ့် လိုအပ်တာထက်ပိုမိုသုံးစွဲမိပါက စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ဟန်းဖုန်းကို အလွန်အကျွံအသုံးပြုသူများဟာ လုပ်ချင်ကိုင်ချင်စိတ် ကျဆင်းလာပြီး စိတ်ကျရောဂါ ပါးပါးလေး ဖြစ်နေနိုင်ပါတယ်။

အရေးပါတဲ့ကိစ္စမဆိုထားနဲ့ အပျော်သဘော လုပ်လေ့လုပ်ထရှိတဲ့ ဂိမ်းဆော့ခြင်း၊ သီးချင်းနားထောင်ခြင်း တို့ကိုတောင် တစ်ခါတစ်ရံ မလုပ်လိုခြင်း စိတ်မပါခြင်းတွေ ဖြစ်လာပြီး တဖြည်းဖြည်း စိတ်ကျလာပါတယ်။
ဟန်းဖုန်းအသုံးပြုပြီး ဘာလုပ်လုပ် စိတ်မကျေနပ်မှု၊ အလိုမကျမှုတွေနဲ့ ခံစားရခက်နေပြီဆိုရင်....

(၁) နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရန် လိုအပ်ပါတယ်။

(၂) စိတ်ကြည်လင်လန်းဆန်းလာရန် ချွေးထုတ်ဖို့ လိုအပ်ပါတယ်။ (ဥပမာ- အဆိပ်ပါတဲ့ချွေးညစ်တွေ ထွက်လာတဲ့အထိ အားကစားပြုလုပ်ခြင်း)

(၃) သည်းခံနိုင်စွမ်း၊ စိတ်အားပြန်လည် စုစည်းနိုင်င်စွမ်း ပြန်လည်ဖြည့် တင်းနိုင်ရန် တရားထိုင်ခြင်းကို အဖြစ်မနေ ပြုလုပ်ပါ။ ဘာသာခြားများအနေနဲ့ (Yoga) ရောဂကျင့်စဉ်ဖြစ်ဖြစ် ပြုလုပ်ရင်း အာရုံစုစည်းလာရန် ပြုလုပ်သင့်ပါတယ်။

Credit :Yangon Life

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top