iMyanmarHouse.com - Best Property Website for Myanmar
×










 ထိုင်း ဒါရိုက်တာ Adsajun Sattagovit ရိုက်မည့် “တီတီ အန်ဒိုးနတ် ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင် သရုပ်ဆောင်ရမည့်  ပြေတီဦးက ပရိသတ် အတွက် အကောင်းဆုံး ကြိုးစား သွားမည် ဖြစ်ကြောင်း ပြောသည်။

ကျွန်တော်က လူငယ် တစ်ယောက်ရဲ့ ကာရိုက်တာ ပါပဲ၊ အချစ်နဲ့ ကိုယ်လုပ်သင့်တဲ့ အရာ ပေါ့နော်။ အဲဒီနှစ်ခုကြားမှာ တစ်ခုခုကို ဆုံးဖြတ်ရခက်တဲ့ ဇာတ်ကောင်မျိုးလေးပါ။ ပြင်ဆင်မှု အနေနဲ့ ကတော့ ဇာတ်လမ်းကို ကြေညက်အောင် ဖတ်ထား ရတယ်၊ ဇာတ်ကောင် စရိုတ်ကို နားလည် သဘောပေါက်အောင် လေ့လာ ထားတယ်။ ပရိသတ် စိတ်ဝင်စားတဲ့ ကားလေး တစ်ကား ဖြစ်မှာပါ။ ကျွန်တော်တို့ အတွက် အခက်အခဲ အများကြီး ရှိပါတယ်။

အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှာပါ။ အဲဒီကြားထဲ ကနေ ပရိသတ် အတွက် ဆိုတဲ့ စေတနာ တစ်ခုအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှာပါ ဟု ပြေတီဦးက ပြောသည်။  ပြေတီဦးက ယခု ဇာတ်ကားကို မြန်မာ၊ ယိုးဒယား၊ စင်ကာပူနှင့် မလေးရှား နိုင်ငံများတွင် ပြသနိုင်ရန် စီစဉ် သွားမည် ဖြစ်ကြောင်း ပြောသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top