iMyanmarHouse.com - Best Property Website for Myanmar
×











တိုးတက်ပြီးနိုင်ငံတွေမှာ ခေတ်စားတဲ့ ခွဲစိတ်ပြုပြင်တဲ့ အလှအပပြင်ဆင်နည်း တွေဟာ စာရေးသူတို့နေထိုင်ရာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ ရွေ့လျားရေပန်းစားလာ နေတာကို တွေ့ကြရမှာပါ။

အလှအပရေးရာနဲ့ပတ်သက်ရင်တော့ ပျိုအိုမရွေး၊ ကျားမမရွေး စိတ်လည်း ဝင်စားကြတာမို့ ဒီလိုခွဲစိတ်မှုတွေအကြောင်းကို တစေ့တစောင်းသိထားရအောင် ဒီဆောင်းပါး ကနေတစ်ဆင့် Plastic Surgery သို့မဟုတ် Cosmetic Surgery တွေအကြောင်းကို စာရေးသူတစ်ယောက်အနေနဲ့ ပြန်လည်မျှဝေ လိုက်ရပါတယ် . . .။

နိဒါန်းချီရမယ်ဆိုရင်တော့ စာရေးသူတို့အားလုံး Cosmetic Surgery တစ်ခုခုကို ဆန္ဒရှိမိလာရခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါ တယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်မလှဘူးထင်မိလို့၊ ဒါမှမ ဟုတ်ရင် ချို့ယွင်းချက်လေးတွေ ရှိတာလေးကို ပိုပြည့် စုံစေချင်လို့၊ နုပျိုချင်လို့၊ မလိုချင်တဲ့အစိတ်အပိုင်းတွေ ရှိလို့ စသည်ဖြင့် အကြောင်းရင်းအမျိုးမျိုးရှိတတ်ပါတယ်။ ဒါကြောင့်လည်း လူတွေရဲ့ လိုအပ်ချက်တွေကိုလိုက်ပြီး တော့ ခွဲစိတ်မှုနည်းပညာတွေနဲ့ အလှအပပြု ပြင်ခြင်းရဲ့ ရေပန်းစားမှုဟာ မြင့်မားလာတယ်လို့ ပြောလို့ရနိုင်ပါ တယ်။

ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားပြုလုပ် နေကြတဲ့ Cosmetic Surgery အမျိုးအစားတွေကို ကြည့်မယ်ဆိုရင်တော့ ရင်သားခွဲစိတ်ပြုပြင်မှုနဲ့ မျက်နှာ ပြုပြင်မှုတွေဖြစ်တာကြောင့် စာရေးသူအနေနဲ့လည်း ဒီ နှစ်မျိုးကိုပဲ ဒီဆောင်းပါးမှာ တတ်နိုင်သလောက် အနှစ် ချုပ်တင်ပြဆွေးနွေးသွားပါမယ်။

ရင်သားခွဲစိတ်ပြုပြင်ခြင်း
ရင်သားခွဲစိတ်ပြုပြင်မှုမှာတော့ ရင်သားကြီး ထွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြုလုပ်တဲ့ Breast Augmentation လို့ခေါ်တဲ့ procedure တွေရှိပြီး ရင်သား ဂလင်းတွေရဲ့အောက်ခြေ (Sub glandular )၊ ဒါမှမဟုတ် ရင်သားအတွင်းအောက်ခြေ ကြွက်သားအောက် (Sub-muscular )မှာ Implants ခေါ် ရင်သားအတုပစ္စည်း ကိုထည့်သွင်းရတာဖြစ်ပါတယ်။

ယခင်ကတော့ Implants အတုမထည့်ဘဲ ဆီလီကွန် ဒါမှမဟုတ် Paraffin ကို ရင်သားတစ်သျှူးတွေကြားထဲ တစ်ခါတည်းဆေး ထိုးထည့်တဲ့နည်းနဲ့ ရင်သားကိုကြီးအောင်ပြုလုပ်ကြပါ တယ်။

ဒါပေမဲ့ ဆိုးကျိုးတွေဖြစ်တတ်တာမို့ ဒီနည်းလမ်း ကို နောက်ပိုင်းကမ္ဘာမှာ သိပ်မသုံးကြတော့ပါဘူး။ ဒါ ကြောင့် အခုလက်ရှိအသုံးများတာကတော့ ၁၉၆ဝပြည့် နှစ်ခန့်တည်းကစတင်တီထွင်နိုင်ခဲ့ကြတဲ့ ဆီလီကွန် သို့ မဟုတ် Saline အရည်ထည့်သွင်းပြုလုပ်ထားတဲ့ Implants ရင်သားအတု ပစ္စည်းများ သာဖြစ်ပါတယ်။

ရင်သားခွဲစိတ်ပြုပြင်မှုတွေရဲ့ ရေရှည်အောင် မြင်မှု ဘယ်လောက်ရှိနိုင်သလဲ ဆိုတဲ့အချက် အနေနဲ့က တော့ သုံးစွဲထားသောပစ္စည်း Implant ရဲ့အမျိုးအစား၊ ဆိုက်ပမာဏ၊ အရည်အသွေးမြင့်မားမှုတွေနဲ့ သက်ဆိုင် ပါတယ်။

တစ်ဖက်ကလည်း ခွဲစိတ်ခံယူသူရဲ့ ပင်ကိုရင် သားအနေအထား၊ ကျန်းမာရေး အခြေအနေအပါအ ဝင် ခွဲစိတ်နည်းစနစ်တစ်ခုစီအလိုက် အားနည်းချက်၊ အားသာချက်တွေရှိနေတတ်ပါတယ်။ ဥပမာအားဖြင့် ကြွက်သားအောက်မှာ Implants ထည့်သွင်းတဲ့အခါ မှာ Implants ရွေ့လျားပြီး နေရာတကျ မရှိတော့တတ် တာ၊ နဂိုမူလရင်သားတွဲတတ်တဲ့သူတွေအနေနဲ့ ရင် သားဆိုက်ကြီးရုံနဲ့ ခွဲစိတ်ရုံ မရဘဲ ရင်သားကိုပါတင်းရင်း အောင်ဆွဲတင်ပေးရတဲ့ Breast uplift ခွဲစိတ်မှု ( Ma-stopexy )တွေပါ ဖြည့်စွက်လုပ်ပေးရတာတွေ စသည် ဖြင့်ရှိတတ်ပါတယ်။ အားသာချက်အနေနဲ့ကတော့ ရင် သားခွဲစိတ်မှု နည်းစနစ်အမျိုးမျိုးအနက်မှ Implants သုံးခွဲစိတ်ခြင်းနည်းပညာကတော့ တခြားနည်းတွေနဲ့ ယှဉ်ရင် အောင်မြင်မှုရာနှုန်းများပြားတဲ့၊ အဆင်ပြေကြ တဲ့နည်းပညာလို့ဆိုရမှာပါ။

ရင်သားခွဲစိတ်မှုဟာ ရင်သားကြီးထွားမှုတစ် ခုတည်းအတွက်သာမဟုတ်ဘဲ ရင်သားဆိုက်သေးချင် လို့ခွဲစိတ်တာမျိုးတွေလည်းရှိတတ်ပါတယ်လို့ ဆိုရရင် တော့ တချို့စာဖတ်သူတွေ အံ့သြမိမယ်ထင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ တချို့သူတွေဟာ ရင်သား ကြီးလို့ နေရထိုင်ရခက်ခဲတတ်တာကို မနှစ်မြို့လို့ ရင် သားသေးအောင်ပြုလုပ်တဲ့ Breast Reduction ခွဲစိတ် မှုမျိုးတွေ ပြုလုပ် တတ်ကြပါတယ်။ ဗဟုသုတအနေနဲ့ ပြောရရင်တော့ နာမည်ကျော် ဗစ်တိုးရီးယား ဘက်ခမ်း တောင်မှ သူမရဲ့ရင်သားဆိုက်ကို နှစ်ဆကြီးအောင်ခွဲ စိတ်ပြုပြင်ထားမှုကို နောက်ပိုင်းမှာမနှစ်သက်တော့တဲ့ အတွက် Implants တွေကို ပြန်ဖယ်လိုက်ပါတယ်လို့ စာ နယ်ဇင်းများကနေတစ်ဆင့် ဖော်ပြခံရဖူးပါတယ်။

ဒီခွဲစိတ်မှုနှစ်မျိုးအနက် လှပချင်သူအများ စုဟာ ရင်သား ပိုမိုကြီးထွားအောင်သာ ခွဲစိတ်ရန် ဆန္ဒ ရှိကြမယ်လို့ဆိုရမှာပါ။ ဒီလိုရင်သားကြီးအောင်ခွဲစိတ် မှုတွေဟာ အထိုက်အလျောက်ဘေးထွက်ဆိုးကျိုးနည်း တယ်လို့ဆိုကြပေမယ့် ရင်သား ကျန်းမာရေး စစ်ဆေးမှုတွေမှာ အနှောင့်အယှက်ဖြစ်နိုင်ပြီး ရင်သားကင်ဆာ ဖြစ်ရင် စောစီးစွာမသိနိုင်တာဟာ စိတ်ပူသင့်တဲ့အချက် ထဲမှာပါပါတယ်။

မိမိထည့်သွင်းထားတဲ့ Implant တွေ ရဲ့ထုတ်လုပ်မှုကိုတာဝန်ရှိတဲ့ company တွေကလည်း မိမိအသုံးပြုမယ့် Implant ကိုတစ်ဦးတစ်ယောက်စီအ တွက်ရယ်လို့ သီးသန့်အာမခံထားပေးနိုင်တာမရှိတာ၊ တစ်သက်လုံး သက်တမ်းခံနိုင်တယ်လို့ အာမခံချက်မရှိတာကြောင့် တစ်ခါတစ်ရံမှာ Quality ကျဆင်းလာပြီး Implant ကွဲထွက်တာ၊ ပေါက်ထွက်တာ ဖြစ်တတ်ပါ တယ်။ ဒါကြောင့် စာရေးသူ အနေနဲ့ဆိုရင်တော့ ခွဲစိတ် မှုခံယူမယ့်သူဟာ ရေတိုလှပခြင်းကိုပဲ ဦးစားပေးတာထက် ရေရှည်ကျန်းမာရေးဆိုင်ရာပြဿနာများကိုပါ သေချာ ဆင်ခြင်စဉ်းစားသင့်တယ်ထင်ပါတယ်။

မျက်နှာခွဲစိတ်ပြုပြင်ခြင်း
မျက်နှာခွဲစိတ်ပြုပြင်တာဟာ စာရေးသူတို့ ယနေ့ခေတ်မှာ တော်တော် ခေတ်စားလာတယ် လို့ ဆို ရမှာပါ။ နှာခေါင်းချွန်ချွန်လေးမှ၊ နှာတံပေါ်ပေါ်လေးမှ ကြိုက်ပါတယ်ဆိုတဲ့ ပျိုမေတွေပြုလုပ်လာကြတာကတော့ Rhinoplasty ခေါ်တဲ့ နှာခေါင်းကိုပြန်လည်ပုံဖော်ပြီး အကြီးအသေးဆိုက်ကိုပြုပြင်ပေးတဲ့ ခွဲစိတ်မှုမျိုးတွေပါ။

Open နဲ့ Closed Rhinoplasty ရယ်လို့ အဓိကအား ဖြင့် နှစ်မျိုးကွဲလေ့ရှိပြီး နည်းတစ်ခုစီမှာ အားသာချက်၊ အားနည်းချက်တွေရှိတတ်ပါတယ်။ဥပမာအားဖြင့်ပြော ရရင် Closed Rhinoplasty ဟာ နှာခေါင်းအပြင်ဘက် ကနေ အရာလေးပေးပြီးခွဲစိတ်တဲ့ Open Rhinoplasty နဲ့ယှဉ်လိုက်ရင် အမာရွတ် ကျန်နိုင်ခြေ၊ ခွဲစိတ်ပြီးရင်ရောင် ကိုင်းနိုင်ခြေ စတဲ့ ဆိုးကျိုးတွေ နည်းပါတယ်။

ဒါပေမဲ့ စာ ရေးသူတို့ကဒီ လိုရာနှုန်းနည်းပါတယ်ဆိုပေမယ့် ခွဲစိတ်မှု တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်ကိုက်ခဲတာ၊ အရေ ပြား ရောင်ရမ်းတတ်တာ၊ ပိုးဝင်တာ၊ သွေးယိုတာ၊ သွေး ထွက်များတာနဲ့ ခွဲစိတ်ပြီးမှ နှာခေါင်းပုံစံ မမှန်ဖြစ်တတ် တာ စတဲ့ဆိုးကျိုးဖြစ်နိုင်ခြေတွေကိုတော့ ကြိုတင်ထည့် သွင်း စဉ်းစားထားပါ။ဘေးလူက လိုက်ပြောခြင်းထက် မိမိကိုယ်တိုင် အကျိုးအပြစ်ဝေဖန်ခြင်းက တစ်ခါတစ်ရံ မှာ ပိုမိုထိရောက်နိုင်ပါတယ်။

Credit : TheFlowerNews‬

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top