iMyanmarHouse.com - Best Property Website for Myanmar
×

 










သရုပ်ဆောင် တစ်ဦး ဖြစ်သည့် အောင်မင်းခန့်က ဇာတ်လမ်းတွဲများ အရိုက်များ နေပြီး ဖန်တီးထားသည့် အနုပညာတိုင်းသည် တန်ဖိုး ရှိကြောင်း ပြောသည်။ကျွန်တော်ကတော့ လက်ရှိ ဗီဒီယိုကား ခုနစ်ကားရိုက်ပြီး သွားပါပြီ။ လက်ရှိတော့ ဇာတ်လမ်းတွဲတွေပဲ အရိုက်များနေ ပါတယ်။ ဇာတ်လမ်းတွဲ တွေကို အရိုက်များရ တာလည်း ကျွန်တော်က ဇာတ်လမ်းတွဲနဲ့ စခဲ့ရတာကြောင့်ရယ်၊ နောက်ပြီး ဗီဒီယို ကားတွေထက် စာရင် ဇာတ်လမ်းတွဲတွေကို ရိုက်ရ တာ ပိုသဘောကျ တာကြောင့် ရယ်ပါ။ 

ဒါကြောင့် အရိုက်များ တာပါ။ တချို့ဆို  ကျွန်တော့်ကို ဇာတ်လမ်းတွဲ တွေမှာပဲ အတွေ့များလို့ ဇာတ်လမ်းတွဲ မင်းသား လို့တောင် နောက်ပြောင်ပြီး ခေါ်နေကြတယ်။ လက်ရှိ  MRTV-4 က ရိုက်တဲ့ ဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင် သရုပ်ဆောင်နေပါတယ်။ ကျွန်တော် ခံယူထားတာက အနုပညာက ဘယ်လိုမှ အလကား လုပ်လို့ မရပါဘူး။ အလကားလည်း တစ်ခုမှ မရဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အနုပညာ ကို ဖန်တီးတဲ့ အခါမှာ သရုပ်ဆောင်ပိုင်း အရဆိုရင် Scene တိုင်း Sceneတိုင်းမှာ သရုပ်ဆောင် ပေါ်လွင်အောင် လုပ်ရတာရယ်။

 ကာရိုက်တာနဲ့ ပတ်သက်ပြီး လေ့လာ ထားမှလည်း သရုပ်ဆောင်လို့ ရမယ်လို့  ထင်တာကြောင့်ပါ။ ဘာပဲပြောပြော အနုပညာ ဆိုတာ သူ့ဟာနဲ့ သူတော့ တန်ဖိုးရှိကြ တယ်လို့ ထင်ပါတယ် ဟု အောင်မင်းခန့်က ပြောသည်။ အောင်မင်းခန့်သည် လက်ရှိ MRTV   မှ ရိုက်ကူးမည့် ဇာတ်လမ်းတွဲ အသစ်တွင် ပါဝင် သရုပ်ဆောင်ရန် ပြင်ဦးလွင်သို့ သွားရောက်ရန် ရှိကြောင်း ပြောသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top