iMyanmarHouse.com - Best Property Website for Myanmar
×









 တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ Shinhwa မှ အဖွဲ့ဝင် အန်ဒီ အပေါ် ချမှတ်ခဲ့သည့် MBC ရုပ် သံလိုင်း၏ ရုပ်သံထုတ်လွှင့်ခြင်း တားမြစ်မှုကို ပြန်လည်ရုပ်သိမ်း လိုက်ပြီဟု MBC ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

‘‘အန်ဒီအပေါ် ချမှတ်ထား တဲ့ ရုပ်သံထုတ်လွှင့်တင်ဆက်ခွင့် တားမြစ်မှုကို ပြီးခဲ့တဲ့လ ၁၉ ရက် ကတည်းက ပယ်ဖျက်လိုက်ပါပြီ။ အန်ဒီအနေနဲ့ MBC ရုပ်သံလိုင်း က ထုတ်လွှင့်တင်ဆက်တဲ့ အစီ အစဉ်တွေအားလုံးမှာ ပါဝင်လို့ရ ပါပြီ’’ဟု MBC တာဝန်ရှိသူတစ် ဦးက OBS သတင်းအား ပြော သည်။

‘‘ရုပ်သံထုတ်လွှင့်တဲ့အခါ မှာ မပါရဘူးလို့ တားမြစ်ခံထားရ တဲ့ ကျော်ကြားသူတွေအနေနဲ့ အဲဒီတားမြစ်မှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလို့ရပါတယ်’’ဟု ၎င်း က ပြောကြားသည်။

ဝါရင့်ကေပေါ့ပ်အဆိုရှင် များအဖွဲ့ Shinhwa မှ အန်ဒီသည် ၂၀၁၃ နိုဝင်ဘာတွင် လောင်း ကစားမှုများဖြင့် နာမည်ပျက်ခဲ့ပြီး တောင်ကိုရီးယားနာမည်ကျော် ရုပ်သံလိုင်းတစ်ခုဖြစ်သော MBC ရုပ်သံလိုင်းက ၂၀၁၄ ဇန်နဝါရီမှစ၍ အန်ဒီအား ၎င်းတို့ရုပ်သံ လိုင်းအစီအစဉ်များ၌ ပါဝင်ခွင့် တားမြစ်ခဲ့သည်။

Shinhwa အဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် MBC ရုပ်သံလိုင်း၏ Section TV အစီ အစဉ်၌ပါဝင်၍ မကြာမီထွက်ရှိ မည့် ၎င်းတို့၏ တေးဂီတဗီဒီယို သစ်ရိုက်ကွင်းအခြေအနေများကို ထုတ်ဖော်ပြောကြားသွားမည်ဖြစ် သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top