iMyanmarHouse.com - Best Property Website for Myanmar
×

အချစ်ရေးက အားလုံးသိကြတဲ့ အတိုင်းပါပဲလို့ပြောပြလာတဲ့ ရဲရင့်အောင်က လက်ရှိမှာ ကြူစီဂိမ်ဆိုတဲ့ ဗီဒီယိုကားလေးကို စတင် ရိုက်ကူးနေပြီလို့ သိရပြီး အဲ့ဒီအကြောင်းကိုတော့ သူက “ခုရိုက်နေတဲ့ ကားလေးက Bo Bo Film Production ရဲ့ ပွဲဦး ထွက်ကားလေးပါ။ နာမည်လေးက ကြူစီဂိမ်းတဲ့။ အိချောပိုအပါအ၀င် မင်းသမီး ၇ ယောက်နဲ့ အပျော်ဖန်စီလေးပါပဲ။ လိုက်ကြူတာပေါ့။ ကောင်မလေးတွေကို ပေါ့ပေါ့ပါးပါးလေးပါပဲ။ အဓိက ဒီကားလေးကို စတင်ရိုက်ကူးဖြစ်တာက ကိုဘိုစန်းတို့က ကမ်းလှမ်းထားတာကြာပါပြီ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလဲ ကားရိုက်ကို ကြိုးစားကြည့်ချင်တယ်။ ကျွန်တော့် ပရိသတ်ကလဲ လုပ်စေချင်တယ်။ အဲ့ဒါကြောင့် ဒီအလုပ်ကို လက်ခံဖြစ်ခဲ့တာပါ”တဲ့။

MMA ပွဲမှာ ဆုနှစ်ဆုပိုင်ဆိုင်ရရှိသွားခြင်းနဲ့ပတ်သတ်ပြီး သူ့ရဲ့စိတ်ခံစားချက်ကိုလဲ “ပထမဆုံး Waiting For you နဲ့ရသွားတဲ့အတွက် ပျော်ပါတယ်။ အဲ့ဒီတွက် ကိုဝေလကိုလဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်တစ်ခွေလုံးကို ပညာရှင်တွေက သေချာနားထောင်ပြီး ဆုရွေးချယ်ပေးတဲ့တွက် ကျေးဇူး အရမ်းတင်ပါတယ်။ ဆုရမယ်လို့ကို မျှော်မှန်းမထားဘူး။ အမြဲတမ်းလဲ ဆုနဲ့အဝေးဆုံးမှာ နေခဲ့တာဆိုတော့လေ။ ဒီနှစ်က ကျွန်တော့အတွက် ကံကောင်းတဲ့နှစ်လို့ပြောလို့ရပါတယ်။ မျှော်လင့်ထားတာတွေ ဖြစ်လာတဲ့နှစ်လို့လဲ ပြောလို့ရပါတယ်။ ဆုက ဂီတနဲ့ပတ်သတ်ပြီး MMA မှာ ၂ ဆုရဖူးတယ်။ ပြီးတော့ Shwe FM မှာ ပထမဦးဆုံး ဆုတစ်ဆုရဖူးတယ်။ ပြီးတော့ ရပါတယ် ထွက်သွားပါ။ MTV နဲ့ Music Video ဆုရဖူးပါတယ်။ ပြောရရင်တော့ ၄ ဆုပေါ့။ ၃ ဆုပဲ ယူဖူးပါတယ်”တဲ့။

ချေ အခွေထဲမှာ Taeyang သီချင်းကို ကော်ပီပြန်လုပ်ထားတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း “အဲ့ဒီအကြောင်းလဲ ကျွန်တော်ပြောစရာရှိပါတယ်။Taeyang ရဲ့ သီချင်း eyes , nose , lips သီချင်းကို ကော်ပီပြန်လုပ်တယ် ဆိုပြီး K pop fan တွေက ကျွန်တော့ကို ပြောကြပါတယ်။ အဲ့ဒီသီချင်းက ကျွန်တော့ဆရာ ဆရာယဉ်မင်းထက် ရေးထားတာပါ။ သီချင်းက ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ သီချင်းကို ပြန်တီးတဲ့အခါမှာ အမှန်အတိုင်းပြောရရင် ကျွန်တော့ အားနည်းချက်ပါ။ ကျွန်တော် သားသားကို Music Frame သွားတီးခိုင်းတဲ့ အချိန်မှာ သားသားက တီးပေးလိုက်တယ်။ ဒါပေမဲ့ အချောကျရင် သားသားက ပြန်ပြင် ပေးမယ်ဆိုပေမဲ့ ကျွန်တော် ဒီသီချင်းတွေကို Mixing ဆွဲနေတဲ့အချိန်မှာ ကျွန်တော် ရန်ကုန်မှာ မရှိတော့ဘူး။ ဘာမှမပြင်နိုင်တော့ဘူး။ အဲ့ဒီသီချင်းရဲ့ Music Frame က Taeyang ရဲ့ သီချင်းနဲ့ သွားတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင်တွေ ပြောလိုက်ပြီးတော့ ဒါက ခိုးထားတာပါ။ သူခိုးပါလို့ စွပ်စွဲလာတဲ့ခါကျရင်ကျွန်တော်ဒီသီချင်းရဲ့  notes တွေ အကုန်ထုတ်ပြနိုင်ပါတယ်။ Taeyang သီချင်းနဲ့ဘာမှမတူပါဘူး။ မြူးဆစ် Frame တူရုံလာက်နဲ့ ကော်ပီလို့ ပြောမယ်ဆိုရင်တော့ ကျွန်တော် ထုတ်ပြစရာနိုင်ငံတကာမှာ အများကြီးရှိတယ်လို့ပဲ ပြောချင်ပါတယ် ။ အမှန်တိုင်းပြောရရင် ကျွန်တော် ကော်ပီဆိုတာကို မဖြစ်ချင်တော့ပါဘူး။ သူများကိုလဲ မဖြစ်စေချင်တော့ဘူး။ သီချင်းတီးတဲ့ နေရာမှာ အဲ့ဒါမျိုးက ဂရုစိုက်ရတယ်။ ကျွန်တော်တုန်းက ကော်ပီရေးထားတာ မဟုတ်ပဲနဲ့ တီးတဲ့နေရာမှာ နည်းနည်းလး ဆင်သွားရင်လဲ ကော်ပီလို့ပဲ ပြောခံရတယ်။ တူရင် ကော်ပီပဲ ထင်တာဆိုတော့ အစစအရာရာကို သေချာလေး လုပ်ဖြစ်နေပါတယ်။ ကျွန်တော်က ကိုယ့်ဟာကို သိနေတော့ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ အဓိကက ကျွန်တော့ ပရိသတ်နဲ့ K pop ပရိသတ်ပေါ့။ ကျွန်တော် ကျွန်တော့ပရိသတ်ကို အမြဲတမ်းမှာထားပါတယ်။ ဘာမှသွားမပြောပါနဲ့လို့ ဒါပေမဲ့သူတို့သွားပြောကြတယ်။ ရန်တွေဖြစ်ကြတယ်။ အဲ့ဒါကြောင့်ကျွန်တော် own tune ပဲလုပ်ချင်ပါတယ်”လို့ ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top