iMyanmarHouse.com - Best Property Website for Myanmar
×












 တောင်ကိုရီးယားမိန်း ကလေးအဆိုရှင်များအဖွဲ့ A Pink သည် ခေတ္တအနားယူခဲ့ပြီးနောက် လာမည့်သီတင်းပတ်တွင် ဂျပန် နိုင်ငံ၌ အနုပညာလှုပ်ရှားမှုများ ပြန်လည်စတင်မည်ဖြစ်သည်။

A Pink အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ၌ နယ်လှည့်ဖျော်ဖြေပွဲနှင့် ပရိုမိုးရှင်းပွဲများပြုလုပ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်ခန့် အနား ယူခဲ့၍ ဂျပန်နိုင်ငံ၌ အနုပညာလှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

A Pink အဖွဲ့သည် ဒုတိယမြောက်ဂျပန်သီချင်း Mr.Chu ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ထွက်ရှိမည်ဖြစ်ပြီး Mr.Chu ဂျပန်သီချင်း ပရိုမိုးရှင်းပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ A Pink အဖွဲ့သည် Mr.Chu ပရိုမိုးရှင်းအဖြစ် ဂျပန်နိုင်ငံ မြို့ကြီးများဖြစ်သော တိုကျိုမြို့၊ ဖူကူအိုကာ၊အိုဆာကာနှင့် နာဂိုယာမြို့များ၌ သတင်းစာရှင်းလင်းပွဲများနှင့် ပရိသတ် တွေ့ဆုံပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။

A Pink အဖွဲ့သည် ၂၀၁၄ တွင် NoNoNo ဂျပန်သီချင်းထွက်ရှိခဲ့ပြီး မကြာမီထွက်ရှိမည့် Mr. Chu သီချင်းမှာ NoNoNo သီချင်းထက် ကြိုတင်အမှာစာများပိုမိုရရှိထားသည်။  

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top