iMyanmarHouse.com - Best Property Website for Myanmar
×














ဗြိတိန်မိန်းကလေး ပေါ့ပ်အဆိုရှင်များအဖွဲ့ Spice Girls ၏ ယခင်က မထွက်ဖြစ်ခဲ့ သော သီချင်းသစ်လေးပုဒ်မှာ ဖေဖော်ဝါရီ ၁၁ ရက်တွင် အွန် လိုင်း၌ ဖောက်ချခြင်းခံခဲ့ရသည်။

ယင်းသီချင်းလေးပုဒ်ကို အဖွဲ့ဝင် ဂါရီဟောလီဝဲလ်မပါဘဲ သီဆိုထားသောကြောင့် Spice Girls အဖွဲ့၏ နောက်ဆုံးတေး အယ်လ်ဘမ်ဖြစ်သည့် Forever အယ်လ်ဘမ်ထွက်သည့်အချိန်၌ သီဆိုထားခြင်းဖြစ်သည်ဟု ဖျော် ဖြေရေးမီဒီယာများက ယူဆထားကြသည်။

အသံသွင်းပြီး နှစ်ပေါင်း ၁၅ နှစ်အကြာတွင် အွန်လိုင်း၌ ဖောက်ချခြင်းခံရသော သီချင်း များမှာ Pain  Proof, A Day In Your Life, If It's Loving on Your Mind နှင့် Forever တေး အယ်လ်ဘမ်ထဲမှ Right Back at Ya ပေါ့ပ်သီချင်းတို့ဖြစ်သည်။

ဗစ်တိုးရီးယားဘက်ခမ်း အပါအဝင် ဗြိတိန်မိန်းကလေး အဆိုတော်ပါသည့် Spice Girls အဖွဲ့ကို ၁၉၉၄ တွင် ဖွဲ့စည်းခဲ့ သည်။ Spice Girls အဖွဲ့သည် ၁၉၉၆ တွင် ပထမဆုံးတေး အယ်လ်ဘမ် Spice၊ ၁၉၉၇ တွင် ဒုတိယမြောက်တေးအယ်လ်ဘမ် Spiceworld နှင့် ၂၀၀၀ ပြည့်နှစ် တွင် နောက်ဆုံးတေးအယ်လ်ဘမ် Forever တို့ထွက်ရှိခဲ့သည်။

Spice Girls အဖွဲ့သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှု များသာ အဓိကလုပ်ကိုင်သွားပြီး ၂၀၁၂ တွင် လန်ဒန်မြို့၌ ပြုလုပ် သည့် နွေရာသီအိုလံပစ်အား ကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား တွင် အဖွဲ့လိုက် နောက်ဆုံးဖျော်ဖြေခဲ့ကြသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top