iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များအဖွဲ့ ZE:A မှ အဖွဲ့ဝင်ရှီဝမ်သည် ၎င်း ၏ ပထမဆုံးအကြိမ် တစ်ကိုယ် တော်ပရိသတ်တွေ့ဆုံပွဲအဖြစ် အာရှတစ်ဝန်းရှိ မြို့ကြီးခြောက် မြို့သို့ သွားရောက်မည်ဖြစ်သည်။

အဆိုတော်သရုပ်ဆောင် တစ်ဦးဖြစ်သော ရှီဝမ်သည် မတ်လ ၇ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ အာရှပရိသတ်နှင့် တွေ့ဆုံပွဲ စတင်မည်ဖြစ်ကြောင်း ရှီဝမ်၏ အေဂျင်စီ Star Empire Entertainment က ပြောသည်။

ရှီဝမ်သည် တိုကျိုပရိသတ် များနှင့် တွေ့ဆုံပြီးနောက် မတ်လ ၁၅ ရက်တွင် ရှန်ဟိုင်းမြို့၊ မတ်လ ၂၁ ရက်တွင် ဆိုးလ်မြို့၊ မတ်လ ၂၈ ရက်တွင် ဟောင်ကောင်မြို့၊ ဧပြီ ၁၈ ရက်တွင် ကွမ်ကျိုးမြို့နှင့် မေလ ၂ ရက်တွင် တိုင်ပေမြို့များ သို့ သွားရောက်၍ ပရိသတ်တွေ့ ဆုံပွဲများ ပြုလုပ်သွားမည်ဖြစ် သည်။

ရှီဝမ်သည် လာမည့်ပရိ သတ်တွေ့ဆုံပွဲများကို အထူးစိတ် လှုပ်ရှားစွာ မျှော်လင့်စောင့်စား လျက်ရှိပြီး ပရိသတ်များအား ဖျော်ဖြေတင်ဆက်ရန် အဆို၊ အကများကိုလည်း ပြင်ဆင်ထား ကြောင်း ၎င်း၏ အေဂျင်စီက ပြောသည်။။

ရှီဝမ်သည် ပရိသတ်များနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးပြောဆို သည့် အစီအစဉ်ကို ပြုလုပ်သွား မည်ဖြစ်ပြီး ၎င်းနှင့် ပရိသတ်များ အကြား အထူးကာလလေးတစ် ခုဖြစ်စေရန် အစီအစဉ်ငယ်တစ် ခုကိုလည်း ပိပိရိရိပြင်ဆင်ထား သည်ဟု အေဂျင်စီက ဆိုသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top