iMyanmarHouse.com - Best Property Website for Myanmar
×









တောင်ကိုရိးယားနိုင်ငံ မှ နာမည်ကျော် ကေပေါ့ပ်အဖွဲ့ Big Bang မြန်မာနိုင်ငံတွင် ဖျော် ဖြေပွဲ ကျင်းပရန် နေရာအခက်အ ခဲဖြစ်နေကြောင်း ပွဲစီစဉ်သည့် Living Sound Entertainment မှ သတင်းရရှိသည်။

ဖျော်ဖြေပွဲကို ရန်ကုန်မြို့ တွင်သာ ကျင်းပလိုသော်လည်း ဈေးနှုန်းသက်သာစွာနှင့် ပရိသတ် များ ကြည့်ရှုနိုင်ရန် သုဝဏ္ဏအား ကစားကွင်းကဲ့သို့ နေရာမျိုးတွင် ကျင်းပခွင့် မရပါက မလွယ်ကူ ကြောင်းနှင့် နေပြည်တော်ဘော လုံးကွင်းတွင် ကျင်းပနိုင်ရန် စဉ်း စားနေကြောင်း Living Sound Entertainment မှ ကိုဂျော်မရမ် က ဆိုသည်။

‘‘တကယ့်ကို လူနည်းနည်းပဲ ဆံ့ပြီး ကောင်းကောင်းလုပ်ချင် တယ်ဆိုရင် လက်မှတ်ဈေးနှုန်းက အရမ်းများသွားလိမ့်မယ်။ အခု ကလည်း YG ပဲဆိုတော့ သူတို့က အခု MEP မှာ လုံးဝမလုပ်ခိုင်းဘူး။ အဲဒါကြောင့် သူတို့အဖွဲ့ပုံရိပ်နဲ့ ကိုက်မယ့်နေရာမျိုးမှာ စီစဉ်မှာ ပါ’’ ဟု ကိုဂျော်မရမ်က ပြော သည်။
Big Bang အဖွဲ့မှ အဖွဲ့ဝင် များသည် စစ်မှုထမ်းသွားရတော့ မည်ဖြစ်ရာ ယခုမြန်မာနိုင်ငံ ဖျော်ဖြေပွဲမှာ ၎င်းတို့၏ နောက်ဆုံး နယ်လှည့် ဖျော်ဖြေပွဲတစ်ခုဖြစ် ၍ အကောင်းဆုံး ပြုလုပ်လိုသည် ဟု ဆိုသည်။

ထို့အပြင် Big Bang အဖွဲ့ မှာ အနောက်နိုင်ငံများတွင် လူ ကြိုက်များသောကြောင့်    ယင်း အဖွဲ့ဖျော်ဖြေပွဲ မြန်မာနိုင်ငံတွင် အောင်မြင်ခဲ့ပါက အနောက်နိုင်ငံ မှ နာမည်ကြီး အနုပညာရှင်များ ကို ဖိတ်ခေါ်၍ ဖျော်ဖြေပွဲများ ပြုလုပ်ဦးမည်ဟု ကိုဂျော်မရမ်က ပြောသည်။
Big Bang ဖျော်ဖြေပွဲကို ဇူလိုင်တွင် ကျင်းပနိုင်ရန် စီစဉ် ထားပြီး    စင်တည်ဆောက်မှု ပိုင်း၌  နိုင်ငံခြားစက်ပစ္စည်းများ အသုံးပြုသွားမည်ဟု သိရသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top