iMyanmarHouse.com - Best Property Website for Myanmar
×














 ဟောလိဝုဒ် ကြယ်ပွင့် ဘရက်ဒလေကူးပါးနှင့် ဗြိတိန်မော်ဒယ်သရုပ်ဆောင် ဆူကီဝါးတားဟောက်စ်တို့သည် ချစ်သူသက်တမ်း ၂ နှစ်ခန့်အကြာ တွင် လမ်းခွဲလိုက်သည်ဟု သတင်း များထွက်ပေါ်လျက်ရှိသည်။

ဘရက်ဒလေကူးပါးတို့စုံတွဲ လမ်းခွဲလိုက်သည့်သတင်းကို E! သတင်းက ပထမဆုံးဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဆူကီဝါးတားဟောက်စ် ၏ ကိုယ်စားလှယ်က ယင်း သတင်းအပေါ် မှတ်ချက်မပေးနိုင် ဟု Yahoo သတင်းသို့ ပြောကြား ခဲ့ပြီး ဘရက်ဒလေကူးပါး၏ ကိုယ် စားလှယ်များကလည်း မည်သည့် မှတ်ချက်မျှမပေးသေးပေ။ ၎င်းတို့ စုံတွဲသည် ဇန်နဝါရီတွင် လမ်းခွဲ ခဲ့ကြသော်လည်း မိတ်ဆွေများ အဖြစ် ဆက်လက်နေထိုင်၍ အော်စကာဆုပေးပွဲအခမ်းအနား သို့ အတူတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟု People သတင်းက ဖော်ပြသည်။

‘‘သူတို့မိတ်ဆွေတွေအဖြစ် ဆက်ရှိနေသေးပေမယ့် သူ့လမ်း သူသွား၊ ကိုယ့်လမ်းကိုယ်သွားဆို တဲ့အခြေအနေမျိုးဖြစ်နေပြီ။ ဘရက်ဒလေက မိသားစုတစ်စု စတင်ချင်ပေမယ့် ဆူကီက အဆင်သင့်မဖြစ်သေးဘူး။ သူတို့နှစ် ယောက်အပြန်အလှန်ချစ်ကြ တယ်။ ဒါပေမဲ့ ဆူကီက အရမ်း ငယ်သေးတော့ အိမ်ထောင်ရှင် မိခင်တစ်ယောက်မဖြစ်ခင် သူ့ရဲ့ အနုပညာအလုပ်ကို ဇောက်ချ လုပ်ချင်တယ်’’ဟု ဘရက်ဒလေ ကူးပါးတို့စုံတွဲနှင့်ရင်းနှီးသူ သတင်းရင်းမြစ်က E! News သတင်းအား ပြောကြားသည်။

အသက် (၄၀)အရွယ် ဘရက်ဒလေကူးပါးနှင့် အသက် (၂၃)နှစ်အရွယ် ဆူကီဝါးတား ဟောက်စ်တို့သည် ၂၀၁၃ မတ်လ တွင် ချိန်းတွေ့နေသည်ဟူသော သတင်းများထွက်ရှိခဲ့ပြီးနောက် ကိုးလခန့်အကြာတွင်မှ ၎င်းတို့၏ ပတ်သက်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ဘရက်ဒလေကူးပါးသည် လက်ရှိတွင် ဂျနီဖာလောရင့်စ်နှင့် အတူ Joy ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး ဆူကီဝါးတားဟောက်စ်က ၎င်း ပါဝင်သရုပ်ဆောင်ထားသည့် Insurgent ရုပ်ရှင်ဇာတ်ကား ပရိုမိုးရှင်းပွဲများသို့ တက်ရောက် နေသည်ဟု သိရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top