iMyanmarHouse.com - Best Property Website for Myanmar
×

လူအများစုအဖို့စားသောက်ဆိုင်ကြေငြာတွေမှာပါတဲ့ စားကောင်းသောက်ဖွယ်တိုင်းကို မက်မောစိတ်၊စားချင်စိတ်မဖြစ်ကြပါဘူး။ဒါပေမယ့်မျက်စိအောက်ရောက်လာတဲ့စားကောင်းသောက်ဖွယ်တွေ
ကိုငြင်းဆန်ဖို့ခဲယဉ်းတတ်ကြပါတယ်။ဒီစားချင်စိတ်ကို ပညာသားပါပါကိုင်တွယ်တတ်ရင်တော့
စားချင်စိတ်လည်းပြေပျောက်ကျေနပ်သလိုခန္ထာကိုယ်တွင်းအဆီလောင်ကျွမ်းပြီးပိန်သွယ်စေပါလိမ့်မယ်။
အထောက်အကူဖြစ်စေမယ့်နည်းလမ်း (၃)မျိုးကိုမျှဝေလိုက်ပါတယ်။

မနက်အိပ်ရာထများများစားပါ။နေ့လည်စားကိုအသင့်အတင့်စားပြီး
ညနေစာကိုတတ်နိုင်သလောက်လျှော့စားပါ။


မနက်အိပ်ရာထချိန်မှာဘုရင်မတစ်ပါးလိုခမ်းခမ်းနားနားစားပါ။နေ့လည်ထမင်းစားချိန်မှာမင်းသမီးလိုစားပြီး
ညစာစားချိန်မှာတော့သူဆင်းရဲလိုစားပါလို့အာဟာရကျွမ်းကျင်သူတွေကအကြံပြူကြပါတယ်။ညဘက်အိပ်ရာဝင်ချိန်
နောက်ကျတာကြောင့်မနက်အိပ်ရာထချိန်ကမနက်အိပ်ရာထချိန်က နေ့လည်ထမင်းစားချိန်ဖြစ်နေတဲ့သူတွေ၊ညစာကိုတစ်ခမ်းတနားစားတတ်သူတွေအ
ဖို့လိုက်နာဖို့ခဲယဉ်းလှတဲ့အကြံပြုချက်လို့ဆိုရပါမယ်။ဒါပေမယ့်ဒီအကြံပြုချက်အတိုင်းနံနက်အိပ်ရာထချိန်မှာအာဟာရပြည့်ဝအောင်ဖွယ်ဖွယ်ရာရာ
စားမယ်၊ဗိုက်ဝအော်စားထားမယ်ဆိုရင် ခန္တာကိုယ်ရဲ့အစားအစာကစွမ်းအင်ထုတ်တဲ့ဇီဝကမ္မဖြစ်စဉ်ဟာ တစ်နေ့တာလုံးနှေးသွားတာကြောင့်များများစားချင်စိတ်မရှိတာရယ်၊မစားနိုင်တာရယ်ကြောင့်အကြံပြုချက်ကိုလိုက်နာ
ဖို့မခဲယဉ်းတော့ပါဘူး။ဒီပုံစံစားသောက်တဲ့အလေ့အထကိုပျိုးထောင်ကြည့်ရင်အကျိုးဆက်ကိုလည်း သိသိသာသာခံစားရပါလိမ့်မယ်။

ဟင်းခတ်အမွှေးအကြိုင်များများထည့်ပြီး ပူပူစပ်စပ်ချက်စားပါ။

ငရုတ်သီးထည့်ပြီးဟင်းကိုအစပ်ချက်စားတာကလည်းကိုယ်တွင်းအဆီတွေလောင်ကျွမ်းအောင်အားပေးပါတယ်။ငရုတ်သီးအစပ်အရသာကြောင့်အစာ
ခြေစနစ်ပိုပြီးအလုပ်လုပ်ရတယ်။နှလုံးခုန်နှုန်းမြန်စေတယ်။ခန္တာကိုယ်ရဲ့အပူချိန်တိုးစေတယ်လို့သိရပါတယ်။အခုလိုခန္တာကိုယ်တွင်းပြောင်းလဲမှု
တွေကအဆီပိုတွေကိုများများလောင်ကျွမ်းပစ်နိုင်ပါတယ်။

ရိုးရိုးရေမသောက်ပဲရေခဲရေသောက်ပါ။
လေ့လာမှုတစ်ခုမှာတွေ့ရှိတာကတော့ရေခဲတမျှအေးတဲ့ရေခဲရေသောက်ရင်
ခန္တာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ၃၀%တိုးစေတာကြောင့်အဆီတွေကိုပိုလောင်
ကျွမ်းနိုင်ပါတယ်။

Credit : သက်ထားအောင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top