iMyanmarHouse.com - Best Property Website for Myanmar
×














အမျိုးသားအများစုက မိန်းကလေးတစ်ယောက်ကို တကယ်စိတ်ဝင်စားမိတဲ့အခါ
ချစ်ခင်စုံမက်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလေ့ရှိကြသော်လည်း၊ အနည်းစုကတော့ သူတို့ ရဲ့ ရင်ထဲကခံစားချက်ကိုထုတ်ဖော်ပြဖို့ အတွက် ရှက်သလို၊ စိုးရွံ့ သလို မြုံစေ့စေ့လုပ်ပြီး
ဆရာကြီး/ကမ္ဘာကြီးစတိုင်လ် အထှာကိုင်တတ်ကြပြန်ပါတယ်။ အဲဒီလိုပွင့်လင်းမှုမရှိတော့ တစ်ဖက်သားမိန်းက လေးမှာ သူ ကျွန်မကို စိတ်မ၀င်လို့လား? စိတ်ဝင်စားပေမယ့် အိုက်တင်ခံနေတာလား? သူငယ်ချင်းလိုဘဲခင်ချင်တာလား? သူငယ်ချင်း ချစ်သူလား? ဝေခွဲရခက်နေပါတယ်။အမျိုးသားတစ်ယောက်ရဲ့ အဇ္ဈတ္တစိတ်ကို အောက်ပါနည်းလမ်း(၇)သွယ်တို့ ဖြင့်
ပဟေဌိ အဖြေညိုလိုက်ကြရအောင်။

(၁) မတ်ဆေ့ခ်ျတွေ ပို့ လာပြီလား?
ဖုန်း-ဂျီတော့-ဖေ့ဘွတ်-ဗိုင်ဘာ တို့ ကနေ အရေးမကြီးတဲ့
အသေးအမွှားအကြောင်းလေးတွေဖြစ်တဲ့…ဥပမာ တခုခုစားသောက်
နေတယ်…ဘယ်ကိုသွားတော့မယ်… စသည်ဖြင့် သူလုပ်ကိုင်နေတာကိုသိစေချင်လို
့အသိပေးတဲ့အနေနဲ့ ပြောတာမျိုးရှိတတ်သူ၊ သင်နှစ်သက်တဲ့ မုန်
့ဟင်းခါးငရုပ်သီးစပ်စပ်ကို သူစားနေတယ်(တကယ်မစားသော်ငြား)
ဘယ်လိုစားကောင်းတာ..စားပါဦးလို့  ရေးကြီးခွင်ကျယ်ပြောလာသူ… သူသွားနေတဲ့
နေရာမှာတွေ့ တဲ့ ပန်း(သို့ မဟုတ်)ကြောင်-ခွေးလေးတွေကို တကူးတက ဖုန်းဖြင့်
ဓာတ်ပုံရိုက်၍ မတ်ဆေ့ခ်ျပို့ လာသူ…ဆိုရင်တော့ သေချာပါပြီ..သူမင်းကို
ချစ်နေပြီ။

(၂) မကြာခဏ ဖုန်းဆက်လာပြီလား?
အကြောင်းမရှိအကြောင်းရှာပြီး အရေးမကြီးတဲ့ အကြောင်းအရာတစ်ခုခုကို
သေလုမျောပါးအရေးကြီးဟန်ဖြင့် လျှာခလုတ်တိုက် လုနီးပါး အလျင်စလို
ဖုန်းတွေဆက်လာပြီဆိုရင်တော့ သေချာပါပြီ..သူမင်းကို ချစ်နေပြီ။

(၃) ဆွေမျိုးစာရင်း ချပြနေလား?
ဥပမာ သူက တခြားမြို့ ရွာက လာတဲ့သူဖြစ်တယ်ဆိုပါစို့ ။ သူရဲ့ မြို
့ရွာအကြောင်းတွေကို သင်စိတ်ဝင်စားလာအောင် စီကာပတ် ကုံးပြောပြရင်း၊ သူ
့ဆွေမျိုးစာရင်းတွေပါ ရေရွတ်ပြနေပြီဆိုရင်တော့ သေချာပါပြီ..သူမင်းကို
ချစ်နေပြီ။

(၄) ဝေခွဲရခက်တဲ့ ဟန်ဖြင့် အကြံဥာဏ်တောင်းခံနေပြီလား ?
ဥပမာ မိတ်ဆွေတစ်ယောက်ရဲ့  မွေးနေ့ အတွက် ဘာဝယ်ပေးရကောင်းမလဲ?
အိမ်ကအမေ့ကို ကန်တော့ဖို့ အနွေးထည် ဘာအ ရောင်လေး ၀ယ်ပေးသင့်သလဲ?
ကော်ဖီသောက်ထားတယ်… လ္ဘက်ရည်နဲ့ တည့်ပါ့မလား? ဟင်းတွေကထပ်နေပြီ
အပြောင်းအလဲ လေးဖြစ်သွားအောင် နေ့ လည်စာကို ဘာဟင်းဝယ်စားရကောင်းမလဲ?
စသည်ဖြင့် မိမိဖာသာဆုံးဖြတ်လို့ ရတဲ့ ပုစ္ဆာကို တကူး တက အကြံတောင်းခံလာပြီ
ဆိုရင်တော့ သေချာပါပြီ..သူမင်းကို ချစ်နေပြီ။

(၅) နေမကောင်းဘူး…သိလား?
သင်က ဆရာဝန်မဟုတ်…ဆေးဝါးအကြောင်းတွေလည်း နားမလည်သော်ငြား..သူ မနေ့ ညက
ရေချိုးနောက်ကျလို့  ဒီမနက် အိပ် ယာထတော့ ခေါင်းတွေကိုက်ကြောင်း…
နှာတွေစေးနေကြောင်း… ခြေလက်တွေ ကိုက်ခဲနေကြောင်း… ဘာဆေးသောက်ရမလဲ? ခုဘဲ
လ္ဘက်ရည်သောက်ထားတော့ ဟိုဆေး-ဒီဆေးတွေနဲ့ တည့်ပါ့မလား? စသည်ဖြင့်
ညှောင်နာနာအသံ နှင့် ပြောနေပြီဆိုရင် တော့ သေချာပါပြီ..သူမင်းကို
ချစ်နေပြီ။

(၆) သူရဲကောင်းကြီး လုပ်ပြနေလား?
ဥပမာ သင်အိမ်ကထွက်လာတော့ လမ်းမှာလူတယောက်နဲ့ ခလုတ်တိုက်မိပြီး
ဘယ်နေရာနာသွားကြောင်း ပြောမိတာလေးကို …သူက စိတ်လောစွာဖြင့်
ဘယ်လိုဖြစ်ရတာလဲ? ဘယ်သူ့ ကြောင့်လဲ? ဘယ်သူကတွန်းလိုက်လို့ လဲ? ဘယ်သူက၀င်
တိုက်တာ လဲ? ..စသည်ဖြင့် ခလုတ်တိုက်သွားတဲ့သူကို သင်ခန်းပေးတော့မည့်ဟန်
ဖြင့် သူရဲကောင်းကြီး ဆန်ဆန် လုပ်ပြနေပြီဆိုရင်တော့
သေချာပါပြီ..သူမင်းကို ချစ်နေပြီ။

(၇) မဆီမဆိုင် အမိန့် တွေပေးနေပြီလား ?
သင်နဲ့ သူ ချစ်သူတွေမဟုတ်ကြသေးသော်ငြား၊ ဥပမာ…နှုတ်ခမ်းဆိုးဆေးကြီးက
ရဲနေတာဘဲ… အရောင်နုနုဆိုးပါလား၊ လက် သည်းကလည်း ရှည်လိုက်တာ…
နဲနဲညှိလိုက်ပါလား၊ နေ့ တိုင်းမိတ်ကပ်တွေချည်းလိမ်းနေတာ…
သနပ်ခါးလေးပြောင်းလိမ့်ကြည့် ပေါ့၊ အခုဆံပင်လေးနဲ့ ကပိုလိုက်တယ်…
နောင်မညှပ်နဲ့ တော့ စသည်ဖြင့် သင့်ကိုယ်ရေးကိုယ်တာကို ၀င်ရောက်စွက်ဖက်
နေပြီ ဆိုရင်တော့ သေချာပါပြီ..သူမင်းကို ချစ်နေပြီ။

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top