iMyanmarHouse.com - Best Property Website for Myanmar
×










ပဲစေ့က စားလို့ကောင်းသလို ကျန်းမာရေးနဲ့ ညွတ်ညီတဲ့ အစားအစာလည်း ဖြစ်ပါတယ်။ ပဲစေ့ကို ကျွန်ုပ်တို့ရဲ့ နေ့စဉ်ပုံမှန်စားနေကျ အစားအစာထဲ အမြဲတမ်း ပါဝင်စေသင့်တဲ့ အကြောင်းအရင်း များစွာရှိပါတယ်။

အစာချေဖျက်မှုထိန်းညှိပေးခြင်း

ပဲစေ့တွေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ မပျော်ဝင်နိုင်တဲ့အမျှင်တွေ ပါဝင်တယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်က အစာချေဖျက်မှု လုပ်ငန်းစဉ်ကို ပိုမိုလျင်မြန်စေပြီး ဝအီစေတဲ့ ခံစားချက်ကို ပိုမိုကြာရှည်စေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်တွေကကျတော့ ဝမ်းချုပ်ခြင်းမရှိအောင် ကာကွယ် တားဆီးပေးတယ်။

နှလုံးကို ကာကွယ်ပေးခြင်း

ပဲများများစားခြင်းက နှလုံးကျန်းမာရေး အရမ်းမွန်ကောင်းစေပါတယ်။ တစ်နေ့ ပဲ(၇) ဂရမ် စားပေးခြင်းဖြင့် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေ ၉% လျော့ချပေးနိုင်တယ်။ ပဲတွေဆိုတာ နှလုံးကျန်းမာရေး အထောက်အကူပြုဖို့ အဓိကကျသော သတ္တုဓာတ်တွေဖြစ်တဲ့ ပိုတက်စီယမ်နဲ့ မက်ဂနီစီယမ်ဓာတ်တို့ရဲ့ ပင်မအရင်းအမြစ် တစ်ခု ဖြစ်ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top