iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင်နှင့် အဆိုတော် တစ်ယောက် ဖြစ်သည့် နန့်ချစ်နဒီဇော်က တန်ဖိုး ထားသော အနုပညာရပ် နှစ်ခု အတွက် Balance ညီစွာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။                ညီမက သီချင်း ဆိုတာပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်တာပဲ ဖြစ်ဖြစ် နှစ်ခုစလုံးကို ချစ်သလို၊ မြတ်လည်း မြတ်နိုးပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ညီမအတွက် နှစ်ခုစလုံးက တန်ဖိုးရှိတဲ့ အတွက် ညီမရဲ့ ဘ၀ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်လို့ပါ။

  ပရိသတ်တွေ အနေနဲ့ ညီမကို အဆိုပိုင်းမှာ အားသန်တယ်လို့ ထင်ကြပါ လိမ့်မယ်။ ဒီအချက်က မှန်သင့် သလောက် မှန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမ အနုပညာ လောကထဲ စ၀င်လာတာ အဆိုပိုင်း ကပဲ ဆိုတော့ ပရိသတ်တွေ ပြောတဲ့အတိုင်း ညီမ ကိုယ်တိုင်လည်း အဆိုပိုင်းမှာ အားသန်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ပရိသတ် ကြီးအတွက် ညီမအနေနဲ့ အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းရောကို ပြချင်ပါတယ်။  ညီမဘက်က  သရုပ်ဆောင်ပိုင်း အားနည်းတယ် ဆိုတာလည်း ၀န်ခံ ပါတယ်။

ညီမက အဆိုပိုင်း အားသာတယ် ဆိုပေမယ့် သရုပ်ဆောင်ပိုင်း ကိုလည်း လုပ်တတ်သလောက်လေး လုပ်မှာပါ။ ညီမ ဖန်တီးထားတဲ့ အနုပညာ ဖန်တီးမှုတွေ အတွက် ပရိသတ်ဆီက ပြန်လာမယ့် ဝေဖန် အကြံပြုချက် အသံလည်း ညီမ ကြားချင်ပါတယ်။ ဒါမှလည်း ညီမအနေနဲ့  ပိုမိုကောင်းမွန်တဲ့ အနုပညာ ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်မှာပါ ဟု  နန့်ချစ်နဒီဇော်က ပြောသည်။ နန့်ချစ်နဒီဇော်သည် MRTV-4မှ ရိုက်ကူးမည့် ဇာတ်လမ်းတွဲ တစ်ခုတွင် ပါဝင် သရုပ်ဆောင်ရန် ရှိပြီး၊ တစ်ကိုယ်တော် တေးစီးရီး ထွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top