iMyanmarHouse.com - Best Property Website for Myanmar
×












 မော်ဒယ် သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ဆန်းတိုးနိုင်က မည်သည့် အလုပ်ကိုမဆို စေတနာထားပြီး လုပ်သင့်ကြောင်းနှင့် ကိုယ်တိုင်လည်း စေတနာ အဓိကထား လုပ်တတ်ကြောင်း ပြောသည်။

အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် ဘယ်အရာကိုမှ ဂရုမစိုက်ချင်နေ ပါစေ။ စေတနာ ဆိုတဲ့ ပရဟိတ စိတ်ကလေးရှိမယ် ဆိုရင် အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း အလုပ် တစ်ခုကို လုပ်တော့မယ်ဆိုရင် စေတနာဆိုတဲ့ စိတ်္တဇနာမ်လေးကို ဦးစားပေး ပါတယ်။ နောက်ပြီး ဇွဲနဲ့ လုံ့လကို ပေါင်းဖက်ပြီးလုပ် ဖြစ်ပါတယ်။ လတ်တလော အနေနဲ့ ကျွန်တော်က အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် မဟုတ်ပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်လိုချင်တဲ့ အနုပညာရှင်ကောင်း တစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး အနုပညာ အလုပ်တွေ လုပ်ရင်လည်း အများကြီး လုပ်တာ ထက်စာရင် တစ်ခုကောင်း၊ နှစ်ခုကောင်းကို စေတနာပါပါ လုပ်တာက ပိုကောင်းမယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ အနုပညာလမ်းကို လျှောက်လှမ်းတဲ့ အခါမှာ ဒီလိုလေးပဲ ဖြတ်သန်းနေ တာပါ။ အရင်ကတည်းက မော်ဒယ် သရုပ်ဆောင်ပဲ ဖြစ်ချင်ခဲ့တာ ဆိုတော့ ကျွန်တော်ရဲ့ မော်ဒယ်နဲ့ သရုပ်ဆောင်ပိုင်း ကိုလည်း အကောင်းဆုံး ဖြစ်အောင်နဲ့ စေတနာကို ရှေ့ထားပြီး လုပ်ဖြစ်သွားမှာပါ ဟု ဆန်းတိုးနိုင်က ပြောသည်။ ဆန်းတိုးနိုင်သည် MTV သီချင်းခွေများနှင့် ကြော်ငြာများတွင် ပါဝင် သရုပ်ဆောင် ထားပြီး၊ We are One, Myanmar အဖွဲ့နှင့် အတူ မန္တလေးတွင် သွားရောက် အလှူခံခဲ့ကြောင်း သိရသည်။

Credit :The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top