iMyanmarHouse.com - Best Property Website for Myanmar
×

မိတ်ဆွေဟာ ရုံးပိတ်ရက် တနင်္ဂနွေညတိုင်းကို ကောင်းစွာအိပ်စက်နိုင်ခြင်း မရှိပဲ ဖြတ်သန်းနေရပါသလား။ ဒါဆိုရင်တော့ တနင်္ဂနွေကြောက် ရောဂါ ဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။ တနင်္ဂနွေကြောက် ရောဂါဆိုတာ မနက်ဖြန် တနင်္လာနေ့ ရုံးတက်ပြီး အလုပ်တွေ အများကြီးလုပ်ရမှာကို စိုးရိမ်ပူပန်တက်တဲ့ ရောဂါဖြစ်ပါတယ်။

ဗြိတိန်မှာရှိတဲ့ အလုပ်သမားဝန်ထမ်းပေါင်းများစွာကတော့ ဒီဝေဒနာကိ ခံစားနေရကြောင်း သုတေသနစစ်တမ်း တစ်ခုက ဖော်ထုတ်ထားပါတယ်။ ပိတ်ရက်ကို ပျော်ရွှင်စွာ အနားယူပြီးနောက် တနင်္ဂနွေညရောက်လာရင် မနက်ဖြန်အတွက် တွေးပူကာ ကောင်းကောင်းအိပ်မပျော်တဲ့ ရောဂါဖြစ်ပါတယ်။ ဗြိတိန်မှာ လုပ်ခဲ့တဲ့ စစ်တမ်းအရတော့ ဒီရောဂါကို ငါးယောက်မှာ တစ်ယောက်ခံစားနေရတယ်လို့ ဆိုပါတယ်။
လူတွေအတွက် ပုံမှန်စွမ်းအင်တွေရဖို့ ရှစ်နာရီလောက် အိပ်သင့်တယ်လို့ Northumbria တက္ကသိုလ်က ပါမောက္ခ အဲလစ်စ်က ပြောပါတယ်။ ဒါပေမယ့် ဗြိတိန်က လူတွေရဲ့ ပျှမ်းမျှ အိပ်ချိန်ဟာ ခြောက်နာရီ ခွဲပဲ ရှိပါတယ်။ နေ့စဉ်နဲ့အမျှ အိပ်ချိန်နည်းတက်တဲ့ လူမျိုးထက် တစ်ပတ်မှာ တရက်လောက်အိပ်ရေးပျက်တဲ့ သူရဲ့ ကျန်းမာရေးဟာ ပိုထိခိုက်မှု ရှိတယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်မှာရှိတဲ့ အမျိုးသမီး အလုပ်သမား လေးပုံတစ်ပုံလောက်ဟာ တနင်္ဂနွေညတိုင်း မနက်ဖြန်ကို စိုးရိမ်ပူပန်ပြီး အိပ်မပျော်တဲ့ ရောဂါခံစားနေရတယ်လို့ Tune Hotels Group ရဲ့ လေ့လာချက်က ဖော်ပြနေပါတယ်။

Credit : Planet Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top