iMyanmarHouse.com - Best Property Website for Myanmar
×

အနုပညာတစ်ဖက်၊ ဆေးကျောင်းတစ်ဖက်နဲ့ ကြီးမားလှတဲ့ အလုပ်နှစ်ခုကို ယှဉ်ပြိုင်လုပ်နေရတဲ့ ပိုင်ဖြိုးသုက ၂၀၁၅ခုနှစ်အတွင်း သူမရဲ့ ပြည်ပခရီးစဉ်တွေနဲ့ ပတ်သက်ပြီး “ဟောင်ကောင်ကို သွားဖို့ရှိတယ်။ ကားရိုက်မရှိဘူး။ အပျော်ပေါ့။ ညီမဟောက်စ် အပြီး ညီမရဲ့ညီမ Final Part ( 2 ) ပြီးတဲ့ အချိန်ပေါ့။ သွားလည်ဖို့ပါ။ အဲ့ဒီမှာက ဟောင်ကောင်က Distney Land သွားချင်တာ တစ်ခါမှ မရောက်ဖူးလို့ပါ။ ပြီးတော့ အဲ့ဒီမှာက အဖိုးရှိတယ်။ နေစရိတ်၊ စားစရိတ်မကုန်ဘူး။ ရှော့ပင်းလဲ ထွက်မယ်။ ဇူလိုင်လကုန်လောက်ဖြစ်မယ်ထင်ပါတယ်။ ကျောင်းက ဇွန်ဆိုပြီးပြီ။ ညီမကျောင်းပြီးရင်လဲ အနုပညာပိုင်းကိုပဲ ပိုဦးစားပေးလုပ်ဖြစ်မယ်။ ဆရာဝန်ပိုင်းကတော့ ပရဟိတဆေးခန်း တစ်ခု ပြောထားတာ ရှိတယ်။ ထိုင်ပေးဖို့ပေါ့။ ဘွဲ့မရသေးလို့ပါ။ ဘွဲ့ရရင် ထိုင်ပေးဖို့ပြောထားပါတယ်။ ပရဟိတကိုလဲ စိတ်ဝင်စားတယ်။”လို့ ဆိုသွားပါတယ်။

အခြားရိုက်ကူးရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ကိုနေတိုးနဲ့စရိုက်နေရပါပြီ။ ၄လပိုင်းက ကိုမြင့်မြတ်ပေါ့။ ရုပ်ရှင်ကားကြီးကတော့ အန်ကယ်လေးနဲ့ပါ။ ဆရာလင်္ကာရည်ကျော်ရေးတဲ့ဝတ္ထု ပန်းတောင်း ဆိုတာ ရုပ်ရှင်ပြန်ရိုက်မှာပါ။ ဇွန်လရိုက်မှာပါ။ ဒါရိုက်တာ ဦးမီးပွားပါ။ ဒါကပျိုးခင်းက မဟုတ်ဘူး။ အပြင်က ရိုက်တာပါ။ မင်းသားကလဲ ပျိုးခင်းက ဆိုတော့လေ။ အဲ့ဒီကားလေးကို ရိုက်ဖို့ရှိတယ်။ အဲ့ဒီ ဇာတ်လမ်းကို ကြိုက်တယ်။ ၀တ္ထုကလဲ အရမ်းအောင်မြင်ခဲ့တော့ ညီမဖက်က ကြိုးစားဖို့ပဲလိုပါတယ်”တဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top