iMyanmarHouse.com - Best Property Website for Myanmar
×










လူအတော် များများမှာ ပတ်ဝန်းကျင် အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ၊ လူတွေကိုယ့်ကို အထင်အမြင် သေးစရာ၊ အလှပျက်စရာ အကျင့်ဆိုးလေးတွေ အနည်းနဲ့ အများ ရှိတတ်ကြပါတယ်။ အဲဒီ့အကျင့်ဆိုးတွေက ကိုယ့်ကိုယ် ကိုယ် ပြုမူနေမှန်း မသိလိုက်ဘဲ လူအများကြားမှာ အမှတ်မထင် ပြုမူမိတတ်ကြပါတယ်။ ဥပမာ- လက်သည်း ကိုက်တာ၊ ဆံပင်ကို တစ်ချိန်လုံး ကိုင်နေတာ၊ လက်မ စုပ်နေတာ စသဖြင့်ပေါ့။ အဲဒီလို အကျင့်ဆိုးတွေကို ဖျောက်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

၁။ လက်သည်းကိုက်ခြင်း
လက်သည်းကိုက်တဲ့ အကျင့်က ကလေး လေးယောက်မှာ တစ်ယောက်သာ ပြုမူပေမယ့် အရွယ်ရောက်ပြီး သူနှစ်ယောက်မှာ တစ်ယောက် ပြုမူတတ်ကြောင်း အံ့အားသင့်ဖွယ် လေ့လာ တွေ့ရှိရပါတယ်။
- အနီးအနားမှာ လက်သည်းညှပ်၊ တံစဉ်းတစ်ခုခု ဆောင်ပါ။
- လက်သည်းနီ ဆိုးတာကလည်း လက်သည်း မကိုက်မိဖို့ အဟန့် ဖြစ်စေပါတယ်။
- လက်ချောင်းတွေကို ပတ်တီး စည်းထားတာကလည်း လက်သည်း မကိုက်မိဖို့ တားဆီး ပေးပါတယ်။
- လက်အိတ်ဝတ်ပါ။

၂။ လက်မစုပ်ခြင်း
 ကလေးတွေ သာမက တချို့ လူကြီးတွေမှာလည်း လက်မစုပ်တဲ့ အကျင့်လေး ရှိတတ်ပါတယ်။ စိတ်လှုပ်ရှားတဲ့ အခါမှာပဲ ဖြစ်ဖြစ် အိပ်ပျော်နေစဉ်ပဲ ဖြစ်ဖြစ် လက်မ စုပ်မိတတ်ပါတယ်။
- လက်မကို တိပ်ကပ်ထားပါ။
- လက်မကို လက်သည်းနီဆိုးထားပါ။
- ညဘက် အိပ်တဲ့အခါ ခေါင်းအုံးကို ဖက်အိပ်ပါ။

၃။ လူလယ်ခေါင်မှာ နှာခေါင်းနှိုက်ခြင်း
တချို့လူတွေက လူလယ်ခေါင်မှာ အမှတ်မထင် ပြုမူမိတတ်ပါတယ်။ ဒါက တခြား လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသလောက် ထိုအပြုအမူက ရုပ်ဆိုးလှပါတယ်။
- မနက်စောစော မျက်နှာသစ်တိုင်း နှာခေါင်း အတွင်းကို ဆေးကြော သန့်စင်ပါ။
- မှန်ရှေ့မှာ ထိုအပြုအမူကို လုပ်ကြည့်ပြီး လူတွေကြားထဲမှာ ထိုအရာက ဘယ်လောက် ရုပ်ဆိုးကြောင်း သိပါစေ။
- လက်အိတ်ဝတ်ပါ။

၎။ အချိန်ဆွဲခြင်း
ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို အချိန်ဆွဲပြီးမှ လုပ်တာ လူ့သဘာဝ ပါ။ ဒါပေမယ့် အဲဒီအကျင့်က စိတ်ဖိစီးမှုများပြီး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်စေပါတယ်။ ဥပမာ- စာကျက်တာကို အချိန်ဆွဲပြီး စာမေးပွဲ နီးမှ ကျက်ရင် စိတ်ဖိစီးမှု များတတ်သလိုမျိုးပေါ့။
- အလုပ်တွေကို ခွဲလုပ်ပါ။
- အချိန်ဇယားဆွဲပါ။ဘယ်အချိန် အပြီး လုပ်မယ်ဆိုတာ သတ်မှတ်ပါ။
- ဘာလုပ်စရာတွေ ရှိလဲဆိုတာ ရေးမှတ်ထားပါ။
- အရေးအကြီးဆုံး အရာကို ဦးစားပေး လုပ်ပါ။
- အချိန်တွေကို အကျိုးရှိရှိ အသုံးချပါ။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top