iMyanmarHouse.com - Best Property Website for Myanmar
×














အောင်မြင်နေသည့်  မင်းသမီး တစ်ယောက် ဖြစ်သော ရွှေမှုံရတီက အနုပညာနဲ့ ပတ်သက်ပြီး၊ သောက်လေ သောက်လေ ငတ်မပြေသည့် ပင်လယ်ကြီး တစ်ခုကဲ့သို့ ခံစားမိကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် အဘွားကြီး ပုံစံကဲ့သို့ ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြား လိုက်သည်။ ရွှေမှုံရဲ့ အနုပညာနဲ့ ပတ်သက်ပြီးတော့အတွေး ကတော့ ရွှေမှုံက ကိုယ့်ကိုယ်ကိုယ် အသစ် တစ်ယောက်လို့ပဲ ခံယူ ထားတယ်။

အဲဒါ ကြောင့်လည်း ရွှေမှုံအတွက် အနုပညာလို့ ဆိုတဲ့ ပညာရပ် ကလည်း သောက်လေ သောက်လေ ငတ်မပြေတဲ့ ပင်လယ်ကြီး တစ်ခုလိုပါပဲ။ သရုပ်ဆောင် အနုပညာရပ်နဲ့ ပတ်သက် လာရင် ရွှေမှုံ အတွက် ဗီဒီယိုကားတွေနဲ့ ဇာတ်ကားကြီးတွေက တူညီတဲ့ ပြယုဂ် တစ်ခုပါပဲ။ ဗီဒီယိုကား ရိုက်ရာ မှာလည်း ကြိုးစားမှုတွေ၊ အာရုံစိုက်မှုတွေ လျှော့လို့ မရသလို ဇာတ်ကားကြီး ရိုက်တဲ့ အခါ မှာလည်း ပိုပြီးတော့ ကြိုးစားမှုတွေ၊ အာရုံစိုက်မှုတွေ နည်းနည်းလေးတောင် လျှော့လို့ မရပါ ဘူး။

 ရွှေမှုံက အလုပ် တစ်ခုကို လုပ်ပြီ ဆိုရင်တော့ အကောင်းဆုံး ဖြစ်အောင်၊ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ ခံယူ ထားတယ်။ အနုပညာရှင် တစ်ယောက် ဆိုတာ ကိုယ်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်ပေါ်မှာ ဘက်ပေါင်းစုံက အာရုံစိုက်တတ် ရမယ်လို့လည်း မြင်ပါတယ်။ ၂၀၁၅ မှာဆို ရွှေမှုံ လောလောဆယ် ပြောချင်တာက အသက်ကြီး လာတယ်။

အဘွားကြီးပုံစံ ပေါက်လာတယ်။ ၂၀၁၄ ခုနှစ်မှာ လိုအပ်သမျှ တွေကို ၂၀၁၅ ခုနှစ်မှာ ဖြည့်ဆည်း သွားမှာပါ ဟု သရုပ်ဆောင် ရွှေမှုံရတီက ပြောသည်။ ရွှေမှုံရတီသည် ချန်ပီယံလေးများ ကားတွင် ပါဝင် သရုပ်ဆောင် ထားပြီး၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်မည့် “ဟန်းနီးမွန်း ဇာတ်ကားကြီးတွင်လည်း ကျော်ရဲအောင်၊ မြင့်မြတ်၊ နေမင်း၊ အိချောပိုတို့နှင့် အတူ ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။

 Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top