iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲကလိုဆိုရင်တော့ အချစ်ရေးမှာ ပျော်ရွှင်စေဖို့ တစ်ကိုယ်တည်းသမားတွေရဲ့ အိုင်ဒီယာတွေ၊ နောက် အိမ်ထောင်ပြုထားသူတွေရဲ့ အိုင်ဒီယာတစ်ချို့ကို ရောမွှေပစ်လိုက်ရတယ်လို့ ဆိုတတ်ကြပါတယ်။ တစ်ခါတစ်လေ အိမ်ထောင်သည်တွေအနေနဲ့ ပျင်းစရာကောင်းတာမျိုး၊ လိင်ဆက်ဆံမှုမဲ့နေတာကြောင့် စိတ်ထဲမွန်းကျပ်နေရတာမျိုး၊ အိမ်ထောင်သည်ဆိုပေမယ့် အထီးကျန်နေရတာမျိုးတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ တစ်ကိုယ်တည်း သမားတွေအနေနဲ့လည်း အထီးကျန်တာမျိုး၊ တစ်စုံတစ်ခုဆိုရင် အရမ်းလေးနက်တတ်ကြတာမျိုး၊ ဇီဇာကြောင်တာမျိုး၊ တစ်ဦးဦးနဲ့ မတွေ့ရမချင်း မပျော်ရွှင်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်တဲ့။

ကဲ ဒီလိုလူနှစ်မျိုးမှာ ဘယ်သူတွေက ပိုပျော်ရွှင်ကြပါသလဲ။

John.F Helliwell နဲ့ Shawn Grover တို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရတော့ အိမ်ထောင်သည်တွေဟာ တစ်ကိုယ်တည်းသမားတွေထက် ပိုပျော်ရွှင်ကြပါတယ်။ ဒါဟာ Gallup World Poll က ရှာဖွေတွေ့ရှိချက်ဖြစ်ပြီး အခြားလေ့လာတွေ့ရှိချက်တွေနဲ့လည်း လွန်စွာတိုက်ဆိုင်နေတယ်လို့ သိရပါတယ်။ နောက်တစ်ချက် သိရတာက အသက် ၄၀နဲ့ ၅၀ ၀န်းကျင်ရှိ အိမ်ထောင်သည်တွေဟာ သူတို့ရဲ့အိမ်ထောင်ရေး၊ ဘ၀အမြင်တစ်ချို့နဲ့ ပတ်သက်ပြီး တစ်ဖြည်းဖြည်း အကောင်းမြင်လာကြတာပါပဲ။

ဒီလို အိမ်ထောင်သည် ဘ၀မှာ ပျော်ရွှင်ကြသူတွေဟာ သူတို့ရဲ့လက်တွဲဖော် အိမ်ထောင်ဖက်ကို သူငယ်ချင်းလိုသဖွယ် မြင်လာကြတယ်လို့လည်း ပါတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top