iMyanmarHouse.com - Best Property Website for Myanmar
×














ပဋိဇီဝဆေးများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အမေရိကန် လူမျိုးများသည် ကူးစက်ရောဂါ ငါးသိန်း နီးပါးကို ဖြစ်စေသည့် ဘက်တီးရီးယားများကို ခံနိုင်ရည် မရှိတော့ဘဲ တစ်နှစ်အတွင်း ကူးစက်ရောဂါကြောင့် သေဆုံးမှု အနည်းဆုံး (၂၉၀၀၀) ထိ ဖြစ်နေရကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) က သတိပေး ပြောကြားခဲ့သည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနက ကလိုစထရီဒီယမ် ဘက်တီးရီးယားကို ပစ်မှတ်ထား လေ့လာကာ ပဋိဇီဝဆေး အလွန်အကျွံ သုံးစွဲသူများအား ကလိုစထရီဒီယမ်က မည်သို့ ဒုက်္ခ ပေးနိုင်ပုံကို ထောက်ပြခဲ့သည်။

အဆိုပါ ဘက်တီးရီးယားက အသက် အန္တရာယ်ထိ ဖြစ်စေနိုင်သည့် ၀မ်း ရောဂါပိုး တစ်မျိုးဖြစ်သည်။ ထို့အပြင် ပဋိဇီဝဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် ဘက်တီးရီးယား များသည် ကုသမှုကို ခံနိုင်ရည် ရှိလာကြောင်းကိုလည်း New England ဆေးပညာ ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သည်။

 ပဋိဇီဝဆေး အလွန်အကျွံ သောက်သုံးသူများသည် ကလိုစထရီဒီယမ် ဘက်တီး၇ီးယားနှင့် တွေ့ပါက အန္တရာယ်များသည်။ အဘယ်ကြောင့် ဆိုသော် အဆိုပါ ပဋိဇီဝ ဆေးများက လူတစ်ဦးကို ရောဂါ ကူးစက်မှုမှ ကာကွယ်ပေးသည့် ပိုးမွှားကောင်းများကိုပါ ဖယ်ရှား ပစ်လိုက်သောကြောင့် လူသည် အပြင်က ၀င်လာသည့် အဖျက် ဘက်တီးရီးယားဒဏ်ကို မကာကွယ်နိုင် ဖြစ်ကာ ကူးစက်ခံရဖို့ ပိုလမ်းပွင့် သွားရသည်။

အဆိုပါ ဘက်တီးရီးယားမှာ ဘက်တီးရီးယား ထူပြောသည့် ဆေးရုံနှင့် ပညာရှင်သုံး ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းများနှင့် လက်မှတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်း ဖြစ်ကြောင်း သိရသည်။  

Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top