iMyanmarHouse.com - Best Property Website for Myanmar
×















''ညီမကတော့ အခုချိန်မှာ မော်ဒယ် တစ်ယောက် အနေနဲ့ပဲ ရပ်တည်ဖို့ အစီအစဉ် ရှိပါတယ်။ ညီမက မော်ဒယ် အကယ်ဒမီပွဲ ပြီးတဲ့ နောက်မှာ ရှိုးပွဲတွေပဲ လျှောက်ဖြစ် နေပါတယ်။ သရုပ်ဆောင်ပိုင်းကို ကူးပြောင်းဖို့ ကျတော့ အစီအစဉ် မရှိသေးဘူး ပေါ့နော်။ လက်ရှိ မှာတော့ ညီမ ပရဟိတပွဲတွေမှာ ၀င်ပါ ဖြစ်နေ ပါတယ်။

ညီမ ငယ်ငယ်လေးကတည်းက အလှူ ဆိုတာလည်း ပရဟိတ တစ်မျိုး ဖြစ်တာကြောင့် ဘယ်ပရဟိတပဲ လုပ်လုပ် ကိုယ်တိုင် ၀င်ပါ ရသည် ဖြစ်စေ၊ မပါရသည် ဖြစ်စေ စိတ်ထဲမှာ ပျော်တယ်။ နောက်ပြီး စိတ်ကြည်နူးမိတယ်။ သရုပ်ဆောင်တာကို မလုပ်သေးဘူး ဆိုပေမယ့် ကိုစစ်သွေးရဲ့ Star တို့ရဲ့ သင်္ကြန် (၂)  MTV အခွေလေးထဲမှာ ပါဝင် သရုပ်ဆောင် ထားပါတယ်။

 ဒါကလည်း ကိုစစ်သွေးနဲ့ မောင်နှမလို ခင်နေတဲ့ အတွက် ပါဝင် ဖြစ်သွားတာပါ။ MTV လိုမျိုးတော့ သရုပ်ဆောင် ဖြစ်မှာပါ။ အခုချိန်မှာတော့ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက် လို ရပ်တည်ဖို့ ကြိုးစား နေပါတယ်''ဟု ဇွန်သံစဉ် က ပြောသည်။ ဇွန်သံစဉ်သည် We are one Myanmar ၏ ပရဟိတပွဲတွင် ပါဝင်ကူညီ ထားပြီး၊ မဂ္ဂဇင်းနှင့် ဂျာနယ်များ အတွက် ဓာတ်ပုံ ရိုက်ဖြစ် နေကြောင်း ပြောသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top