iMyanmarHouse.com - Best Property Website for Myanmar
×








ကော်ဖီမှာ ကျွန်ုပ်တို့အသားအရေနဲ့ ပတ်သက်ပြီး အံ့ဖွယ်အကျိုးကျေးဇူးများ ပါရှိပါတယ်။ ကော်ဖီသောက်ပြီးတဲ့အခါ ကျန်ခဲ့တဲ့ အနည်အနှစ်ကို ဆဲလ်သေတွေ ဖယ်ရှားဖို့ အသုံးပြုနိုင်တယ်။  သွေးလည်ပတ်မှု တိုးတက်ကောင်းမွန်စေပြီး မျက်နှာကို သဘာဝအရောင် ဖျော့ဖျော့လေးအတိုင်း ရရှိစေမှာဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ

  -  ကော်ဖီအနည်အနှစ် လက်ဖက်ရည်ဇွန်း (၅) ဇွန်း
   - ပျားရည် ထမင်းစားဇွန်း (၂) ဇွန်း
  -  သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၃) ဇွန်း

ပြင်ဆင်ပုံပြင်ဆင်နည်း

ကော်ဖီကို မိမိဖာသာဖျော်သောက်ပါ။ ရလာတဲ့ ကော်ဖီအနည်အနှစ်ကို ပျားရည်နဲ့ သံလွင်ဆီနဲ့အတူ ခရားထဲ အကုန်ရောထည့်ပါ။ သံလွင်ဆီမှာ အင်တီအောက်ဆီဒင်းသတ္တိတွေ ပါဝင်လို့  အရေပြား ခြောက်သွေ့လာတဲ့အခါ အလွန်ထိရောက် ကောင်းမွန်ပါတယ်။ ပါဝင်ပစ္စည်းအားလုံး ခရားတစ်ခုထဲ အတူထည့်၊ ကောင်းကောင်း ရောသမွှေကာ ခရားကို ပိတ်ပြီး ရေခဲသေတ္တာထဲ (၁) နာရီလောက် ထည့်သိမ်းထားပါ။ (၁) နာရီကြာသွားပြီ ဆိုပါက မျက်နှာကို လိမ်းခြယ်ပေးနိုင်ပါပြီ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top