iMyanmarHouse.com - Best Property Website for Myanmar
×









မြန်မာ့အသံနှင့်ရုပ်မြင် သံကြားတွင် ထုတ်လွှင့်ပြသနေ သည့် Let's Go ခရီးသွားအစီ အစဉ်အသစ်၌   ပုံမှန်ပါဝင်နေ သည့် အနုပညာရှင်ခြောက်ဦးအပြင် အဆိုတော်ရဲရင့်အောင်နှင့် ဂျောက်ဂျက်တို့ကိုပါ ထပ်မံထည့်သွင်းရိုက်ကူးမည်ဖြစ် ကြောင်း ADMA Myanmar Media 7 မှသတင်းရရှိသည်။

အစီအစဉ်အတွင်း ပုံမှန် ပါဝင်ကြသည့်အနုပညာရှင်များ မှာ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုး၊ Boby Soxer၊ နန်းသူ ဇာ၊ နန်းမြတ်ဖြိုးသင်းတို့ဖြစ်ပြီး ယခုအစီအစဉ်အသစ်အတွက် ဧပြီတွင် မလေးရှားနိုင်ငံသို့ သွားရောက်ရိုက်ကူးမည်ဖြစ်သည်။

‘‘အစကတော့ ယူ-၂၀ ဘောလုံးပွဲလည်းသွားကြည့်ရင်းနဲ့ နယူးဇီလန်မှာသွားရိုက်မလို့။ ဒါပေမဲ့ အဲဒီမှာဆိုရင် အရမ်း လည်းခရီးဝေးတဲ့အတွက်ကြောင့် ခြောက်လစာလောက်ပြလို့ရ မယ်။ ရိုက်ကူးမယ့်နေရာတွေ လည်းကောင်းမယ့် မလေးရှားကို ပဲရွေးလိုက်တာပါ’’ဟု ADMA Myanmar Media 7 မှ ကိုဝေ မင်းမောင်ကပြောသည်။

ယင်းအစီအစဉ်အတွက် ဧပြီ ၁ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံတွင် သွားရောက် ရိုက်ကူးမည်ဖြစ်သော်လည်း သတ်မှတ်ထားသည့်အချိန်တွင် မသွားခဲ့နိုင်ပါက သင်္ကြန်အပြီး ၌ သွားမည်ဖြစ်ကြောင်း ကိုဝေမင်းမောင်ကပြောသည်။

Let's Go ပရိုဂရမ်ကိုထုတ် လွှင့်ပြသနေသည်မှာ အချိန် ၂ နှစ်ခန့်ရှိပြီဖြစ်ရာ လက်ရှိတွင် စင်ကာပူနိုင်ငံခရီးစဉ်ကို ပြသ လျက်ရှိပြီး ပထမဦးဆုံးအနေဖြင့် ငပလီခရီးစဉ်၊ ထို့နောက် ပုဂံခရီး စဉ်နှင့် ဘရာဇီးနိုင်ငံခရီးစဉ်တို့ကို ထုတ်လွှင့်ပြသခဲ့ကာ ပရိသတ်များ အားပေးမှုရရှိထားသည့် အစီ အစဉ်ဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top