iMyanmarHouse.com - Best Property Website for Myanmar
×















သရုပ်ဆောင်တစ်ဦး ဖြစ်သည့်  သီရိရှင်းသန့်က ကိုရီးယားနိုင်ငံသို့ ဒေသန္တာရဆိုင်ရာ ရိုက်ကူးရေး ပုံစံမျိုး ဖြင့် သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း ပြောသည်။ ကိုရီးယားကို ညီမ TV ပရိုဂရမ်တစ်ခု သွားရိုက်ဖို့ ရှိပါတယ်။ ခရီးသွား ပရိုဂရမ်လေး ပေါ့နော်။ ဒီလို အစီအစဉ်လေးတွေ ဖန်တီးတဲ့ လူတွေကို လည်း ညီမအနေနဲ့ အရမ်း ကျေးဖူးတင်ပါတယ်။

ဘာလို့လဲ ဆိုတော့ တစ်ပါးသော နိုင်ငံတွေရဲ့ စားသောက် နေထိုင်မှုတွေကို ငွေကုန် ကြေးကျ ခံနေစရာ မလိုဘဲ ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး ခံစားကြည့်ရှုနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့်လည်း ညီမ အနေနဲ့ ဒီအစီအစဉ်ကို ပါဝင် ကူညီဖို့ ဆုံးဖြတ်ခဲ့ တာပါ။ နောက်ပြီး ညီမ ကိုယ်တိုင်ကလည်း ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ချင်တဲ့ စိတ်ကလေးရှိ တာရယ်၊ နောက်ပြီး ကိုယ်ရ လာတဲ့ ဗဟုသုတတွေနဲ့ ခံစားမှုတွေကို ပြည်သူတွေ အတွက် ချပြနိုင်မယ် ထင်တဲ့အတွက် လက်ခံဖြစ်ခဲ့ တာပါ။ ဒီလို အစီအစဉ်လေးတွေကို များများလည်း လုပ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက ပြည်သူတွေ အတွက် ဗဟုသုတအပြင်၊ အကျိုးကျေးဇူးတွေလည်း အများကြီးရမယ် ထင်ပါတယ်။

ဒါ့အပြင် ညီမတို့ အတွက် တိတိကျကျ ပြောရရင် မြန်မာနိုင်ငံ အတွက် စီးပွားရေး ရော၊ လူနေမှုစရိုက်တွေရော အလုံးစုံ တိုးတက် လာမယ်လို့ ထင်ပါတယ်။ ကိုရီးယား အနုပညာကိုတော့ မြန်မာပြည်နဲ့ မိတ်ဆက်ပေးစရာ မလိုတော့ပေမယ့် အခြားကိုရီးယား နိုင်ငံရဲ့ အကြောင်းအရာလေးတွေ ကိုလည်း ညီမအ နေနဲ့ ပြသပေးချင် ပါတယ် ဟု သရုပ်ဆောင် သီရိရှင်းသန့်က ပြောသည်။ သီရိရှင်းသန့်သည် မွေးရပ်မြေ ဖြစ်သည့် လားရှိုးတွင် စစ်ဘေးရှောင် ပြည်သူ များအား တတ်နိုင်သ၍ ကူညီ ထောက်ပံ့ပေး နေကြောင်း ပြောသည်။

 Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top