iMyanmarHouse.com - Best Property Website for Myanmar
×










တိရစ္ဆာန်အသည်းကို ပဲတောင့်ရှည်၊ အီတလီအလယ်ပိုင်းကထွက်တဲ့ ၀ိုင်နီ နဲ့ တွဲဖက်စားသောက်လိုက်ရရင် အတော်မြိန်မှာပါ။ တိရစ္ဆာန်အသည်းတွေမှာ ဗီတာမင်ကြွယ်ဝတဲ့အပြင် ပရိုတိန်းပါဝင်နှုန်းလဲ မြင့်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းစုံမှာ ကြက်၊၀က်၊အမဲ စတဲ့ တိရိစ္ဆာန်တွေရဲ့ ကလီစာ ချက်ပြုတ်နည်းပေါင်းစုံ ရှိပါတယ်။

အသဲတစ်မျိုးစီမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ် ပမာဏကတော့ ပြောင်းလဲမှု ရှိပါတယ်။ တိရိစ္ဆာန်ကလီစာမှာ ကိုလက်စထရောဓါတ်လဲ ကြွယ်ဝလှပါတယ်။ အမဲအကောင်ငယ်လေ၊ ကျန်းမာရေးအတွက်ကောင်းလေဖြစ်ပြီး အဆိပ်ပါဝင်မှုလည်း ကင်းလေပါပဲ။ အမဲကောင်ငယ် အသည်းမှာ ဗီတာမင်A ပါဝင်ပြီး မျက်စိ၊ အသားအရေ၊ သွား၊ အရိုး နဲ့ နူးညံ့တဲ့တစ်ရှူးကျန်းမာရေး တို့အတွက် အထူးကောင်းမွန်လှပါတယ်။ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးတဲ့ အာဟာရဓါတ်တစ်ခုပါ။ ဗီတာမင် B6နဲ့B12တွေကို အမဲကောင်ငယ် အသည်းကနေ ရနိုင်ပြီး သွေးနီဥဆဲလ် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဘဲအသည်း

ဘဲအသည်းကို ပြင်သစ်မှာ နေ့စဉ်ပုံမှန်လို စားသုံးကြပြီး တစ်ခါတစ်လေမှာ ဈေးအတော်ပေးရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘဲအသည်းမှာ ပရိုတိန်း၊ သတ္တုဓါတ်၊ ကော့ပါး၊ ဗီတာမင်အေ၊ မရှိမဖြစ် အမိုင်နိုအက်ဆစ်၉မျိုး၊ စတာတွေ ပါဝင်ပါတယ်။ ကော့ပါးဓါတ်ကို မိုက်ခရို သတ္တုဓါတ်လို့ လူသိများပြီး မရှိမဖြစ် Trace Mineral ဖြစ်ပါတယ်။ အရိုးတည်ဆောက်ခြင်း၊ ဟော်မုန်းဖန်တီးခြင်း တို့အတွက် အရေးပါလှပြီး နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်စေပါတယ်။ ကော့ပါးဓါတ်မှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိတဲ့အတွက် ကင်ဆာရောဂါကိုလည်း တိုက်ဖျက်နိုင်တယ်လို့ အမေရိကန်ကင်ဆာ လူမှုအဖွဲ့အစည်းက ညွှန်းဆိုထားပါတယ်။

ငါးကြီး အသည်း

ငါးကြီးဆီပါဝင်တဲ့ ငါးကြီးအသည်းဟာ အပယိကဖျားနာတာလောက်ကို ကုသပေးနိုင်ပါတယ်။ အခြား ငါးအဆီတွေလိုပါပဲ ငါးကြီးဆီမှာ beta-carotene, ဗီတာမင် A, ဗီတာမင် D နဲ့ အိုမီဂါ-3 အက်ဆစ် နဲ့ အခြားအဆီတွေထက် ပြည့်ဝဆီဓါတ်နည်းတဲ့ အဆီဓါတ်တွေ ပါဝင်ပါတယ်။ ဗီတာမင် D ဟာ ထုံးဓါတ် စုပ်ယူမှု အားကောင်းစေပါတယ်။ ဗီတာမင်ချို့တဲ့မှုတွေဟာ ၂၀ရာစုမှာ စပြီးခေတ်စားလာခဲ့ပါတယ်။ အမေရိကန် မြောက်ပိုင်းဒေသမြို့တွေမှာ ဆင်းရဲပြီး အာဟာရချို့တဲ့ တဲ့ ကလေးတွေဟာ ဗီတာမင်D ချို့တဲ့မှုကို ခံစားကြရပါတယ်။ ငါးကြီးအသည်းဟာ ဗီတာမင်ချို့တဲ့မှုကို တိုက်ဖျက်ပေးနိုင်ပြီး အရိုးပျော့နာ လိုရောဂါမျိုးတွေကို မဖြစ်စေအောင် ကာကွယ်ပေးပါတယ်။  အရေးပြားပေါ်မှာ ထိခိုက် ဒဏ်ရာရတယ်ဆိုရင် ငါးကြီးအသည်းအဆီ ကိုသုတ်လိမ်းလိုက်ပါ။ ငါးကြီးအသည်းအဆီကို မှန်မှန်သောက်ပေးမယ်ဆိုရင်တော့ သွေးခဲခြင်းကို လည်းကာကွယ်ပေးပါလိမ့်မယ်။

ကြက်အသည်း

ကြက်အသည်းကို စားမယ်ဆိုရင်တော့ အဆိပ်နဲ့ ဟော်မုန်းတွေပါတဲ့ အသည်းကိုမစားမိဖို့တော့ အသေအချာရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။ ဓါတုဆေးတွေကျွေးထားတဲ့ ကြက်မဟုတ်တဲ့ သဘာဝအတိုင်း မွှေးမြူထားတဲ့ ကြက်ရဲ့အသည်းမှာတော့ ဗီတာမင်-12 ပါဝင်ပါတယ်။ ဗီတာမင်-12 ဟာမှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ စိတ်လန်းစေပြီး အားရှိစေပါတယ်။ ကိုယ်ခံအားစနစ် ကိုလည်းပိုကောင်းစေပါတယ်။ ကြက်အသည်းမှာ ဗီတာမင်-A ပါဝင်နှုန်းနည်းတဲ့အတွက် အမဲနဲ့ ဘဲအသည်းတွေကို အခါအခွင့်သင့်သလို စားပေးပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top