iMyanmarHouse.com - Best Property Website for Myanmar
×










သင်ဟာ တီဗီကြည့်နေရင်းနဲ့ စမတ်ဖုန်းသုံးတက်တဲ့ သူတစ်ယောက်ဖြစ်ပါသလား။ ဟုတ်တယ်ဆိုရင်တော့ သင့်ဦးနှောက်ကျန်းမာရေးအတွက် ဒါမျိုးမလုပ်ဖို့ ပြောပါရစေ။
တီဗီ၊ သို့မဟုတ် ကွန်ပျူတာ သုံးနေရင်းနဲ့ စမတ်ဖုန်းသုံးတာဟာ သင့်ရဲ့ဦးနှောက်ကို အလွန်ထိခိုက်စေကြောင်း သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။

 တစ်ပြိုင်တည်းမှာ အလုပ်နှစ်ခုလုပ်တဲ့ အကျင့်က ဒီနေရာမှာ သိပ်တော့မကောင်းလှပါဘူး။ တီဗီမျက်နှာပြင်နဲ့ စမတ်ဖုန်းမျက်နှာပြင်နှစ်ခုနားမှာ သင်ရှိနေတဲ့အခါ ဟော်မုန်းတွေ လွန်ကဲစွာ ထုတ်လွှတ်လေ့ရှိပါတယ်။ မူးယစ်ဆေးကို မြောက်မြားစွာ သုံးတက်တဲ့ သူတစ်ယောက်ရဲ့ဦးနှောက်ဟာ ပျက်စီးသလို တီဗီနဲ့ စမတ်ဖုန်းကြားမှာ ရှိနေတဲ့ သင့်ရဲ့ဦးနှောက်ကလည်း အလားတူအကျိုးသက်ရောက်မှုမျိုးနဲ့ ပျက်စီးစေပါလိမ့်မယ်။

ဒီလိုလုပ်တာဟာ ဦးနှောက်ရဲ့ အစီအစဉ်တကျရှိမှုကို ဖျက်ဆီးသလို ဖြစ်စေလိုပါပဲ။ သင့်ရဲ့ဦးနှောက်ကို ဥာဏ်ရည်လည်း နိမ့်ပါးစေပါတယ်။ စမတ်ဖုန်းကို အာရုံစိုက်နေတုန်း တီဗီကို ရုတ်တရက် လှမ်းကြည့်လိုက်တာမျိုး ကို မကြာခဏလုပ်ရင် သင့်ရဲ့ဦးနှောက်ကို ဖျက်စီးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ မှတ်ဥာဏ်တွေကို ပြန်ဖော်ရာမှာလည်း အားနည်းသွားစေနိုင်ပါတယ်။

Credit : PlanetMyanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top